The Best Liar (Ep 23)

9.1K 969 228
                                    

ဒီည JiMin အိပ်ငိုက်ရင်တောင်မျက်လုံးကို အစွမ်းကုန်ပြူးထားဖို့ စဥ်းစားထားသည်... mystery ဆန်ဆန်ဖြစ်ရပ်ကြီးကို ဖော်ထုတ်မည်... ဒါကြောင့် အခုအရက်ဝိုင်းတွင် သိပ်မသောက်ဖြစ်.... ကော်ဖီတစ်ခွက်နဲ့ ငြိမ့်နေလို့ Hyung တို့ရဲ့ ထူးထူးဆန်းဆန်းကြည့်ခြင်းကိုတောင်ခံလိုက်ရသေးသည်.... အိပ်ချိန်နီးလာလေ ရင်ခုန်လာလေဖြစ်သည်.... နောက်ဆုံးတော့....

"Good Night Baby..."

"အင်း Good Night Daddy... "

ညအိပ်အနမ်းလေးချွေပြီးနောက် ထုံးစံအတိုင်း ကျောခိုင်းကာ လှဲချလိုက်ကြသည်.... JiMin နဲ့ ဆန့်ကျင့်ဘက် JungKook မှာတော့ အရက်ဝိုင်းမစခင်ထဲက အိပ်ဆေးတစ်လုံးသောက်ထားတာကြောင့် မျက်လုံးပိတ်လိုက်တာနဲ့ ခေါကနဲပင်.... ဒါကို မသိပဲ စောင့်နေတဲ့ကောင်လေးကတော့ မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်....

*****************************************
Third day ( 30 July )

နိုးထလာတဲ့မနက်ခင်းမှာ တခြားထူးဆန်းတာမျိုးမရှိပေမယ့် ရင်ခွင်ကျယ်ကြီးထဲရောက်နေခဲ့ပြန်သည်.... JiMin မနေ့ကလို အရင်ထချင်စိတ်မရှိ.... အကယ်၍ JungKook နိုးလာခဲ့လို့ သူ့အားဖက်ထားမိမှန်းသိသွားရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်သောကြောင့်ဖြစ်သည်.... တွန်းမထုတ်လိုက်ဖို့တော့ မျှော်လင့်မိပါရဲ့.....

JiMin အသာလေးမျက်လုံးပြန်မှိတ်ထားစဥ် ပါးပြင်ပေါ်သို့ နူးညံ့စွာထိတွေ့လာတဲ့ အထိအတွေ့ပွတ်သပ်မှုတစ်ချို့..... တရားခံဟာ JungKook အပြင်မရှိတာကြောင့် ငြိမ်နေလိုက်မိသည်....

"Morning baby ..... "

နိုးကာစ အပ်ရှရှအသံဖြင့် JungKook ရဲ့အသံဟာ စွဲဆောင်မှူအပြည့်ပင်.... ပြီးနောက် နှုတ်ခမ်းထက်အနမ်းတစ်ပွင့်ခြွေလာသည်.... ဒီလိုမျိုးဖြစ်နိုင်ရိုးလား.... တွန်းမထုတ်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒီလိုနွေးထွေးမှုမျိုးကတော့ မထင်ထားခဲ့တာအမှန်ပင်....

"Morning Daddy...."

"နိုး.... နိုးသွားတာလား...."

စကားပင်ထစ်ရတဲ့ JungKook က ဘာတွေမလုံမလဲဖြစ်ရသလဲ.... ရုပ်ကလဲ လူမိသွားလို့ လန့်သွားတဲ့ ရုပ်နဲ့....

The Best Liar (Season 2)Where stories live. Discover now