Jin နဲ့ NamJoon တို့အိမ်တွင်ဖြစ်သည်....
အိပ်ခန်းအတွင်း နှစ်ယောက်သားချစ်စကားများပြောကာ ကြည်နူးနေကြခြင်း....
"ချစ်လား..."
NamJoon မှမေးလိုက်ခြင်းဖြစ်သည်....
"........."
"ချစ်လားလို့ Hyung...."
"မသိဘူးလား...."
"မဟုတ်ဘူးလေကွာ.... ကြားချင်တာပေါ့.... နေ့တိုင်းကြားချင်တာကို...."
"ချစ်တာပေါ့ ငါ့မှာ မင်းတစ်ယောက်ပဲရှိတာ.... ငါအခုနေထိုင်ရှင်သန်နေတဲ့ တစ်ခုထဲသော အကြောင်းအရင်းက မင်းပဲ..."
"ဟားးဟားးး.... Hyung က လိမ္မာရဲ့သားနဲ့ကွာ.. ဘာလို့ အစက ဘုဂလန့်လုပ်ချင်နေရတာလဲ..."
"ငါ့စတိုင်နဲ့ ငါပဲ..."
"ဟုတ်ပါပြီဗျာ..."
NamJoon က Jin ရဲ့ ပါးနှစ်ဖက်ကို ချစ်စနိုးဖြင့် ဆွဲလိုက်သည်... Jin ကတော့ ပြုံးရယ်လျှက် စားလက်စ အာလူးကြော်ကို ဆက်စားနေခဲ့သည်....
"Hyung..."
"hmmm...."
ခဏခဏခေါ်နေတဲ့အတွက် Jin မော့တောင်မကြည့်ပဲဖြေလိုက်တော့သည်... ဒီနေ့မှ ဘာဖြစ်မှန်းမသိ NamJoon တယောက် ခါတိုင်းထက်ပိုချွဲနေသလိုပင်....
"Hyung ကိုယ့်ကိုကြည့်ဦး..."
"ကဲ... မစားတော့ဘူး... ပြော ဘာလဲ... ကြည့်ပြီ"
Jin ထိုင်နေတဲ့ ထိုင်ခုံလက်တန်းအား လက်ထောက်ကာ မေးလာတဲ့ NamJoon ကိုမော့ကြည့်လိုက်တော့ ဆုံရတဲ့မျက်ဝန်းတွေက ဘာပါလိမ့်.... အရောင်လက်နေသလိုပင်....
"ပြောလေ .... ဘာပြောမလို့လဲ Joon..."
"အာလူးကြော် မစားနဲ့တော့ ကျွန်တော့ကိုစား..."
NamJoon ရဲ့အပြောကြောင့် Jin သဘောကျကာ ချစ်စနိုးနဲ့ ရယ်လိုက်မိသည်... လက်စသတ်တော့ လိုချင်တာရှိနေတာကိုးးး.... ဖြစ်လဲဖြစ်ချင်စရာပါ အခုတလော Jeon ရဲ့ ဆိုင်သစ်အတွက် ဝိုင်းကူနေရတာနဲ့ NamJoon နဲ့ နှစ်ယောက်ထဲအချိန်မပေးဖြစ်ခဲ့ပါ.... အပြင်က ပြန်လာတာနဲ့ ၂ယောက်သား ပင်ပန်းတဲ့အတွက် ရေချိုးကာသာ တန်းအိပ်ဖြစ်ခဲ့ကြသည်လေ....