The Best Liar (Ep 12)

6.6K 881 183
                                    

အဖေ့ဆီက ဂုဏ်ပြုပန်းခြင်းလာတာကို ပျော်နေရမယ့်အစား ဒေါသထွက်နေတဲ့ Jeon ကိုကြည့်ပြီး Minnie နားမလည်နိုင်တော့ပေ.... အခုမှ ပြန်တွေးကြည့်မိတော့ Jeon မှာ မိသားစုရှိသေးသည်တဲ့လား..... TaeHyung စုံစမ်းပေးတဲ့အထဲ နာမည်နဲ့ အလုပ်အကိုင် အသက်ကလွဲပြီးတစ်ခြားအကြောင်းအရာတွေမပါဝင်တော့ သူသတိမထားဖြစ်ခဲ့ခြင်းဖြစ်သည်.....သူကိုယ်တိုင်ကလဲ ဒီလောက်ပဲ သိရသေးတဲ့ လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိနေတာ ရယ်စရာပင်.... ခင်များနဲ့ပက်သတ်ပြီး ကျွန်တော် သိထားရမှာတွေအများသားနော် Jeon.....

ကိုယ်အတွေးနဲ့ကိုယ်တွေးရင်း Jeon ကိုကြည့်နေတုန်း အမှတ်မထင်အပြုအမူကြောင့် Minnie အံ့သြရပြန်သည်... ထိုအရာကတော့ Jeon က အနီးအနားမှ waiter တစ်ယောက်အားခေါ်ကာ ထိုဂုဏ်ပြုပန်းခြင်းအား လွှတ်ပစ်ခိုင်းလိုက်ဖြစ်သည်..... ပြီးတော့ တိုးတိုးလေးရေရွတ်သည့်စကားက "ကျက်သရည်ကိုမရှိဘူး"...... ဘေးချင်းကပ်ရပ်နေတာမို့ Minnie ကြားရချိန်မှာ ကြက်သီးတောင် တစ်ခဏထသွားမိသည်..... အရမ်းကိုသဘောကောင်းပြီး social အရမ်းကောင်းတဲ့ Jeon လိုလူတောင် မမြင်ရသေးတဲ့ dark side တွေရှိပါလားဟုလဲ အတွေးဝင်မိသည်.... ပြီးနောက် သုံးသပ်မိသည်က Jeon နဲ့ သူ့အဖေဆက်ဆံရေးက အဆင်မပြေလှဘူးဆိုတာပင်......

"သွားရအောင်လေ Minnie..."

"အာ.... nae...."

လိုက်ပို့ပေးမယ်သာပြောတာ ဘယ်နေရာလဲမမေးပဲ ကားကိုမိုင်ကုန်တင်မောင်းနေသည့် Jeon ကြောင့် Minnie စိတ်ပူမိသည်.... ကားရဲ့ သွားရာလမ်းကြောင်းကလဲ သူ့အိမ်နဲ့ လားလားမျှမသက်ဆိုင်သည်မို့ သက်ပြင်းချမိပြန်သည်.... ဘယ်အရာမှ မမေးပါပဲ တိတ်ဆိတ်စွာလိုက်သွားတော့ ရောက်သွားသည်မှာ Jeonရဲ့အိမ်..... ပြီးနောက် ခြံထဲမှာ ကားထိုးရပ်ကာ တစ်ယောက်ထဲဆင်းသွားတဲ့ Jeon ကြောင့် Minnie ကြောင်နေမိသည်.... ဒီည အိမ်လဲမပြန်ရပါပဲ ကားပေါ်မှာပဲ အိပ်ရတော့မယ်ထင်ပါရဲ့..... အိမ်ရှင်ကလဲ အိမ်ထဲဝင်တာ မခေါ်သွားဘူးဆိုတော့လေ.....

"Minnie..... Minnie ကိုယ်တောင်းပန်ပါတယ်.... ကိုယ်မေ့သွားလို့..... ဟိုဟာ.... တော်တော်ကြာကြာစီစဥ်လာရတဲ့ ပွဲကြီးပြီးသွားတော့ စိတ်နဲ့လူနဲ့ မကပ်ဘူးဖြစ်သွားလို့ပါ...."

The Best Liar (Season 2)Where stories live. Discover now