The Best Liar (Ep 6)

7.5K 1K 229
                                    

"Jeon....."

"အင်း......"

"Minnie မနက်ဖြန် ဘယ်အချိန် ဘယ်ကိုလာခဲ့ရမလဲ....."

ဟုတ်သားပဲ.... ဟင်းချက်သင်ပေးဖို့ TaeHyung ပြောထားတာ သူမေ့သွားတယ်.....

"Minnie အဆင်ပြေတဲ့အချိန် ဆိုင်ကိုပဲ လာခဲ့ပါ.... ကျွန်တော်စောင့်နေပါ့မယ်...."

"ဟုတ်ကဲ့....."

ပြန်လည်တိတ်ဆိတ်သွားပြန်တယ်.... ဆိုင်ခန်းဘေးက မြေကွက်လပ်လေးမှာ မျက်နှာချင်းဆိုင် ရပ်နေတဲ့ သူ၂ဦး..... ပြောစရာစကားကလဲ ရှာမရသည်မို့ အချင်းချင်းမျက်နှာလွဲ၍သာ ဆေးလိပ်သောက်နေကြသည်....

တီ တီ!!!!!

ကားဟွန်းသံကြားသည်မို့...

"TaeHyung လာပြီထင်တယ်.... Minnie ပြန်တော့မယ်နော် Jeon...."

"ကောင်းပါပြီ..."

"မနက်ဖြန်မှတွေ့မယ်.... အဝါရောင်အိမ်မက်လေးမက်ပါစေ...."

လှည့်ထွက်သွားတဲ့ ကောင်မလေးကိုကြည့်ရင်း Jeon အတွေးနယ်ချဲ့မိသည်.....

အဝါရောင်အိမ်မက်????

အဝါရောင်အိမ်မက် တဲ့လား......

ဘာအဓိပ္ပါယ်မှန်းတောင်မသိပဲ ပြုံးစေနိုင်တဲ့ ဆုတောင်းလေး..... မင်းအရမ်းကို ထူးခြားလွန်းတယ် Minnie-shi.....

***************************************

ဧည့်ခန်းတစ်ခုတွင် လူလေးယောက်သား မျက်နှာချင်းဆိုင်ထိုင်နေကြသည်.... ဘာစကားမှလဲ မဆိုကြသလို နှစ်ယောက်က ခြေချိတ်ထိုင်ကာ ဖုန်းသုံးနေပြီး ကျန်နှစ်ယောက်က ထိုင်ကြည့်နေရသည်....

"အဟမ်းးး!!!!!"

ချောင်းဟန့်လိုက်သော်လည်း ဖုန်းအကြည့်မပျက်တဲ့သူ၂ယောက်.....

"အဟမ်းးးး အဟမ်းးးး!!!!!"

တုပ်တုပ်မျှမလှုပ်....

"Yahhh Min Yoongi နဲ့ Jung HoSeok...."

SeokJin ရဲ့ အသံပါဝါကောင်းကောင်းနဲ့ အော်လိုက်မှမော့ကြည့်လာကြသည်....သို့သော် မိုက်တိမိုက်ကန်းသာ.....

"မြန်မြန်ပြော Hyung.... ကျွန်တော်တို့ နားချင်ပြီ..."

တစ်ဦးထဲသော ညီတစ်ဝမ်းကွဲ Yoongi ဆီမှထွက်လာခြင်း.... တော်သေးတာပေါ့ Hyung လို့ခေါ်သေးလို့..... Jin လဲ စိတ်လျှော့ကာသာ အသက်ပြင်းပြင်းရှုထုတ်လိုက်သည်.... အခု သူပြောချင်တဲ့ အရာက Joon နဲ့ သူတို့၂ယောက်ကို တရားဝင်မိတ်ဆက်ပေးဖို့လုပ်နေခြင်း.... အရင်ကတော့ LA မှာ အကြိမ်ပေါင်းများစွာတွေ့ဖူးကြသည်.... သို့သော် စကားတော့ တခါမှမပြောဖူး မြင်ဖူးတယ်ဆိုရုံမျှသာ.... အခုကကြတော့ တအိမ်ထဲအတူနေရတော့မယ်မှတ်လား... အဲ့တာကြောင့် မိတ်ဆက်ပေးဖို့ပြင်နေခြင်းပင်....

The Best Liar (Season 2)Where stories live. Discover now