Part-24

4.8K 711 23
                                    

Episode-24

“အဒေါ်ကြီး ဘတ်ဟျွန်းနီး ပြန်လာပြီလား”

“ရှင် မလာသေးဘူးလေ အကိုလေး။ နေ့လည်က အကိုလေးအတွက် ထမင်းလိပ်လေးလုပ်ပေးပါဆိုလို့ ကျွန်မ လုပ်ပြီးထည့်ပေးလိုက်တာ။”

ချန်းယောလ် ဦးခေါင်းကဆံစတို့ကို ဆွဲဖွပစ်လိုက်ရင်း လက်ကလည်းတစ်ဆက်တည်းဒရိုင်ဘာဦးလေးကြီးဆီ ဖုန်းခေါ်ရတော့ သည်။ နှစ်ခါမြောက်မှ ဖြေဆိုိသူရှိလာသည့် ဖုန်းသံ၏ပိုင်ရှင်က အိမ်တံခါးဝမှာ။

“ဦးလေးကြီး. ဘတ်ဟျွန်းရော”

“မင်းသားလေးက သူ့ကိုဟန်မြစ်ဘေးမှာ ခဏထားခဲ့ပေးပါဆိုလို့ ထားခဲ့ပေးလိုက်ရတယ်ဗျ။ ညမိုးချူပ်မှ ပြန်လာခေါ်ပါတဲ့.။ပြီးတော့ အကိုလေး ကိုလည်း သူ အဲ့မှာရှိနေတာမပြောရဘူးလို့ပြောပေမယ့် ကျွန်တော်က ဘယ်လိုလုပ် အကိုလေးကို မပြောဘဲနေနိုင်ပါ့မလဲ အဲ့ဒါနဲ့.”

“ဟုတ်တယ်လေဗျာ.အဲ့ဒီမြစ်ဘေးမှာ သူတစ်ယောက်တည်း ဘယ်လိုလုပ် နေမှာ..ကျွတ် လိုက်သွားရမှာပေါ့”

“ဟို အကိုလေး ..”

ချန်းယောလ်က အိမ်ရှေ့ပြန်ထွက်ဖို့ပြင်တော့ ဦးလေးကြီးက ဟန့်တားလာသည်မို့ ခဏစောင်းငဲ့ပြန်ကြည့်လိုက်သည်။

“မင်းသားလေးက အတော်လည်းငိုနေတာဗျ။မျက်ရည်တွေကိုရွှဲလို့။ ခဏတော့ပေးလွှတ်ထားလိုက်တာကောင်းမယ်လို့ ထင်ပါတယ်။ ဟို ကျွန်တော်က အကြံပေးတာပါ။”

ချန်းယောလ်တစ်ချက်တွေဝေသွားသည်။နောက်တော့မှ ခေါင်းဖြည်းဖြည်းချင်းညိတ်ပြလျက် သူ ကားသော့ ဆွဲကာ အပြင် ပြန်ထွက်လာခဲ့သည်။ နားထဲကြားနေမိတာက မျက်ရည်တွေရွှဲလို့ဆိုသည့်စကား။ သူ့ကြောင့် သူ့ဘတ်ဟျွန်းနီးလေးက ဘယ် လောက်တောင်မျက်ရည်တွေကျခဲ့ရပြီးပြီလဲ။ အစက ပစ်ပစ်ခါခါပြုခဲ့တဲ့ သူ့ကြောင့်သာမက ခု ယုယုယယပြုမူပြန်သည့် သူ့ကြောင့်လည်းချစ်ရသူက မျက်ရည်ကျရပြန်ပါပြီ။

ဘတ်ဟျွန်းက သူ့ကိုယုံကြည်လျက်ချစ်ပေးသည်ကို သူ သေချာသိသည်။ဒယ်ဂုံကလာသည်ဟု အမြဲပြောတတ်သည့် ဘတ်ဟျွန်း က ဒီဘက်ဒီနေရာမှာ ယုံကြည်ရသူတွေက သူနှင့်သူ့မိသားစုကလွဲလျှင် မရှိတာလည်းသိသည်။ဒါကြောင့် ဒီကောင်လေး၏ စိတ်ကိုဆံခြည်တစ်မျှင်တောင်မှ မစွန်းထင်းမညစ်နွမ်းစေရအောင် တွေးကြံမိပြီးကာမှ ဂျင်ဟန်ဘီ၏ ရုတ်တရက်အပြုအမူကြောင့် ဘတ်ဟျွန်းနီးလေးက စိတ်အနာတရဖြစ်ရချေပြီ။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now