Episode-25
“အွန်းလေးရယ် မငိုပါနဲ့တိတ်ပါတော့။ချန်းယောလ်လီ ဘာမှမဖြစ်ဘူးလို့ ဒေါက်တာကပြောသွားတယ်မလား။မကြာခင် နိုးလာမှာပါ”
သူဌေးကတော်ပတ်က သားဖြစ်သူကိုလည်းပူရ၊ အွန်းလေးကိုလည်းဖက်ကာနှစ်သိမ့်ပေးနေရသည်။ဘတ်ဟျွန်းက ဆေးရုံရောက်ကတည်းက ငိုတာလည်းမဟုတ်ဘဲ မျက်ရည်တွေပဲ တရစပ်ကျနေခဲ့တာဖြစ်သည်။ စကားအများအပြား ဆိုမနေပေမယ့်လည်း ဘတ်ဟျွန်း၏မျက်လုံးထဲတွင် ချန်းယောလ်အတွက် အတိုင်းအဆမဲ့စိုးရိမ်ပူပန်စိတ်တွေကို မြင်လိုက်ရသောကြောင့် သူဌေးကတော်ပတ်က ပြုံးမိပါသေးသည်။
“တောင်းပန်ပါတယ် မငိုတော့ပါဘူး။”
‘ငိုရင် အွန်းလေး ပင်ပန်းမှာစိုးလို့ပါ မေမေက. တိတ်..တိတ်..’
ဘတ်ဟျွန်းမျက်နှာပေါ်က မျက်ရည်စက်တွေကို သူဌေးကတော်ပတ်က လက်ဖြင့်သာသာလေးပွတ်သပ်ဖယ်ရှားပေးသည်။ ဘတ်ဟျွန်းမျက်နှာလေးကငိုမဲ့မဲ့။
“ဘတ်ဟျွန်းနီး..’
‘ဟင်..ကိုကို.. ကိုကိုသတိရလာပြီလား။”
ချန်းယောလ်၏တိုးဖွဖွခေါ်သံလည်းကြားရော ဘတ်ဟျွန်းခေါင်းလေးချာကနဲလှည့်ကာ ချန်းယောလ်အနား တန်းရောက်သွားသည်။ ခေါင်းကပတ်တီးဖြူဖြင့် ချန်းယောလ်က ပြုံးပြသည်။
“ဘတ်ဟျွန်းနီး ဘာမှမထိခိုက်ပါဘူးနော်။”
‘ဟင့်အင်း ကျွန်တော်က ဘာမှမဖြစ်ပါဘူး။ကိုကိုချန်းယောလ်သာ ကျွန်တော့်ကြောင့်..’
‘ကဲ မျက်ရည်က ကျဦးမယ်.. တိတ်”
‘ဟုတ်။”
ချက်ချင်းပင်မျက်ရည်တွေဆွဲသုတ်သည့် ဘတ်ဟျွန်းကြောင့် သူဌေးကတော်ပတ်က မျက်စောင်းလေးခဲသည်။တစ်ချိန်လုံး မငိုပါနှင့် ပြောတုန်းက နားမထောင်သည့်ကလေးက ချန်းယောလ်စကားတစ်ခွန်းတည်းနှင့်တင် အေးရော။
“ချန်းယောလ်လီ သက်သာတယ်မလား။မေမေ ဒေါက်တာသွားခေါ်လိုက်မယ်နော်။”
‘ဟင့်အင်း မေမေ. ရပါတယ်။ကျွန်တော် တကယ်သက်သာတယ်။စောင့်နေပေးတာကြာပြီလား။မေမေ ပြန်နားရင် နားလိုက်လေ. ကျွန်တော် ဘတ်ဟျွန်းနဲ့အဆင်ပြေပါတယ်။”
YOU ARE READING
လက်ထပ်လက်စွပ်ကလေး
Fanfiction#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~