Episode-9
“ဟိုကောင်လေး ရော”
“နေ့လည်က စွပ်ပြုတ်နဲ့ဆေးသောက်ပြီးကတည်း အပေါ်တက်သွားတာပဲ။ အဒေါ်ကြီး တက်သွားကြည့်သေးတုန်းက တော့ အိပ်ပျော်နေတယ်။ဟိုလေ. အကိုလေး ပြောခိုင်းတဲ့စကားကိုပြောတုန်းက ကလေးက ငိုတယ်။မျက်ရည်တွေကျပြီး စွပ်ပြုတ်လေးကုန်အောင်သောက်သွားရှာပါတယ်။”
အဒေါ်ကြီးကစိတ်မကောင်းသလိုပြောတော့ ချန်းယောလ် မျက်မှောင်တွန့်ကုတ်သွားရသည်။မဟုတ်ရင် မသောက်မှာစိုးလို့ ဒီတိုင်းပြောခဲ့တာ။အ်ိမ်မှာ ဘယ်သူမှလည်းမရှိသည့်အချိန် ဘတ်ဟျွန်း က စိတ်ထင်တိုင်းနေမှာစိုးလို့လေ။ ဘာပဲဖြစ်ဖြစ် ချန်းယောလ်တို့အိမ်မှာရှိနေတုန်းတော့ အေးအေးချမ်းချမ်းပဲဖြစ်စေချင်သည်မလား။
“ကျွန်တော် တက်သွားလိုက်ဦးမယ်.”
ချန်းယောလ် အပေါ်ထပ်အခန်းထိ တက်လာတော့ ဘတ်ဟျွန်းကို သူ့အခန်းထဲမှာမတွေ့။ရေချိူးခန်းထဲ ဝင်ရှာတော့လည်းမရှိ သည်မို့ ချန်းယောလ် အိပ်ခန်းဘက် ပြန်လာခဲ့လိုက်သည်။ထင်သည့်အတိုင်း သခင်လေး ဘတ်ဟျွန်းက ချန်းယောလ် ကုတင်ပေါ် တွင် ပုံ့ပုံကလေး။စောင်လည်းမခြုံဘဲ အခတ်းတံခါးဘက်ကိုကျောပေးကာ ကွေးကွေးလေးအိပ်နေခြင်းဖြစ်သည်။
“ဘတ်ဟျွန်း--”
လန့်သွားမည်စိုးကာ ခပ်တိုးတိုးအသံပြုရင်းချဉ်းကပ်လာခဲ့သည်။တစ်ဖက်နေ မျက်နှာလေးကိုသွားကြည့်အထိ ဘတ်ဟျွန်းက မျက်လုံးတွေ ပွင့်မလာ။
“ဘတ်ဟျွန်း..ညနေစောင်းတော့မယ်။ပိုဖျားလိမ့်မယ်..ထတော့..။”
ပါးပြင်ကို အနည်းငယ်လှုပ်နိုးတော့မှ မျက်လုံးတွေပွင့်လာသည်။ကိုယ်ပူလည်းကျသွားပြီမို့တော့စိတ်အေးရ၏။သူ့ကိုမြင်တော့ လက်ခနဲဖြစ်သွားသည့်မျက်လုံးလေးတွေက ချက်ချင်းပြန်လည် မှိုင်းညှို့ကာ ချန်းယောလ်ကိုမမြင်ရအောင် တစ်ဖက်ခြမ်းကို လှည့်သည်။
ဒါက စိတ်ကောက်တာလား။ သူ့ကိုထားခဲ့လို့.။
“ဘတ်ဟျွန်း.ဘာဖြစ်တာလဲ.ထတော့လို့ ပြောနေတယ်လေ.”
YOU ARE READING
လက်ထပ်လက်စွပ်ကလေး
Fanfiction#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~