Part-19

4.4K 875 36
                                    

Episode-19

“အွန်းလေး ထ.. လာ သား ဒီမှာဘာလို့အိပ်နေတာလဲ။”

နွေးနွေးထွေးထွေးရင်ခွင်ကြီးထဲ အတင်းတိုးဝင်အိပ်ပျော်နေသည့် ဘတ်ဟျွန်းတစ်ယောက် တစ်စုံတစ်ယောက်ကနေ ထိုရင်ခွင် ထဲမှ အတင်းဆွဲခွါလှုပ်နိုးလေသည့်အခါ မျက်လုံးလေးမပွင့်ချင်ပွင့်ချင်ဖြင့် ဖွင့်လာရတော့သည်။ တစ်ဖက်က ဆွဲထူထသလို အိပ်မောကျနေသည့် ချန်းယောလ်ကလည်း ဘတ်ဟျွန်းခါးလေးကနေပြန်လည်သိမ်းဖက်ပြန်သည်။

“အွန်းလေးက လိမ္မာတယ်။ထပါဦး လာ မေမေ့ဆီ”

“ဟင် မေမေ.”

သူဌေးကတော်ပတ် ကိုမြင်တော့ ဘတ်ဟျွန်း နိုးတစ်ဝက်ဖြစ်နေရာကနေ မျက်လုံးလေးလုံးဝပွင့်လာရတော့သည်။ ဘတ်ဟျွန်း လက်မောင်းလေးတစ်ဖက်ကို ဆွဲယူလှုပ်နိုးနေသည်မို့ ဘတ်ဟျွန်းလည်းမကောင်းတတ်စွာဖြင့် ချန်းယောလ်ရင်ခွင်ထဲက လူးလဲ ထရတော့သည်။ အနွေးဓါတ်လေးပျောက်ဆုံးသွား၍ထင်။ ချန်းယောလ်လည်း အိပ်မှုန်စုန်မွှားနှင့်မျက်လုံးပွင့်လာသည်။

“ဟာဗျာ မေမေ ဘာလုပ်တာလဲ။ဒီနေ့ပိတ်ရက်လေဗျာ.”

“အိပ်လေ။ချန်းယောလ်လီကို မေမေက ဘာလုပ်နေလို့လဲ။အွန်းလေးကို လာခေါ်တာ။ ညီလေးမဟုတ်တဲ့ကလေးကိုယုယပေးရတော့ ချန်းယောလ်လီလည်းပင်ပန်းမှာပေါ့။ဆက်အိပ်-အွန်းလေးက မေမေနဲ့လာ။ အွန်းလေးကြိုက်တဲ့ ကြက်ဥလိပ်လေး လုပ်ထားတယ်။”

ရုတ်ခြည်းဆို ဘတ်ဟျွန်းကိုဆွဲခေါ်သွားတော့ မမှီမကမ်းလက်ဖျားလေးကို လှမ်းဆွဲလိုက်ရင်း ကုတင်ပေါ်ကနေ ချန်းယောလ် မှာ ပြုတ်ကျမတတ်။ ကြက်ဥလိပ်ဆိုတာနှင့် ကောက်ကောက်ပါအောင်လိုက်သွားလေသော ချစ်ရသူလေးမှာ ချန်းယောလ် ကို တောင်လှည့်မကြည့်အားတော့။ကုတင်ပေါ်မှာခြေနှစ်ချောင်းလူးခတ်လျက် အားခနဲ အော်ဟစ်မိတော့သည်။သူ ပြောတဲ့ညီအရင်း မဟုတ်ဘူးဆိုတာ ညီအရင်းကဲ့သို့သဘောမထားနိုင်တာကိုပြောတာကို။
ဆက်အိပ်လည်းရတာ မဟုတ်တာကြောင့် ရေချိူးခန်းထဲဝင် ရေမိုးချိူးသန့်စင်လိုက်သည်။ အိမ်နေရင်း အညိုရောင်အင်္ကျီပွပွ ကို အောက်က ဘောင်းဘီနက်ပွပွနဲ့ပဲ ဝတ်လိုက်တော့ ချန်းယောလ်က ပိုသီပတ်သီပုံစံဖြင့် အောက်ဆင်းလာခဲ့သည်။ ထမင်းစားခန်းထဲ ဝင်လာခဲ့တော့ ဖခင်ဖြစ်သူကိုမတွေ့ရဘဲ မေမေ နှင့် ချန်းယောလ်ရဲ့အသည်းလေးရယ်၊ ဒေါ်လေးဟယ်ရီရယ် သာရှိနေသည်။ ချန်းယောလ်လက်ကို ကြက်ဥလိပ်တစ်မျက်နှာနှင့်လျစ်လျူရှုသွားသည့်ကောင်လေးက ပလုတ်ပလောင်းဖြင့် မနက်စာတည်ခင်းနေလေရဲ့။ အနားမှာသွားရပ်တော့ မှုန်ကုတ်ကုတ်သူ့ကိုမြင်တာနဲ့ ဟီးခနဲရယ်ပြလာသေးသည်။ တစ်ဖက် လှည့်ရင်း ချန်းယောလ် နှုတ်ခမ်းတို့လွန့်ခနဲပြုံးမိသည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now