Part-29

3.5K 630 83
                                    

Episode-29

“ခွင့်ပြုမပေးနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အွန်းလေးက မေမေ့သားပဲလေ။ဘာလို့တခြားနေရာထွက်သွားရမှာလဲ။ ပြန်ရောက်လာလို့ မေမေတို့က ဘယ်လောက်တောင်ဝမ်းသာခဲ့ရလဲ သိလား။”

သူဌေးကတော်ပတ်က ခါးခါးသီးသီးငြင်းဆန်ပါသည်။ဧည့်ခန်းတွင်ထိုင်ဖြစ်ကြရင်း ဘတ်ဟျွန်း ပြောစရာရှိသည်ကိုပြောရပါသည်။ တကယ်ဆို သူက ချန်းယောလ်နှင့်လည်းမသက်ဆိုင်တော့ပါဘဲ.. ချန်းယောလ်ကလည်း မကြည်ဖြူပါဘဲ ဒီလိုကြီးအိမ်မှာ မနေဖြစ်ချင်။ဒီဘက်လောကအကြောင်းကို ဘာမှထဲထဲဝင်ဝင်သိသေးတာမဟုတ်သည့် ဘတ်ဟျွန်းက အများကြီးဒုက္ခများနိုင်တာ သိပေမယ့် ဘယ်လိုလုပ်ရမလဲ။ဘတ်ဟျွန်းတွင်ရွေးချယ်စရာမှမရှိလေတာ။

“ဟုတ်တယ် အွန်းလေး။ မင်းဒဏ်ရာတွေကလည်း သက်သာကာစပဲရှိသေးတာ။ဘယ်မှမသွားရဘူး။ဒီမှာပဲနေ။”

ဥက္ကဌပတ်ကပါ ဝင်ပြောလာသည်။ဒေါ်လေးဟယ်ရီကတော့ ကောင်းသည်လည်းမပြော၊ဆိုးသည်လည်းမပြောဘဲ ကော်ဖီတစ်ခွက်ဖြင့် ပွဲကြည့်ပရိတ်သတ်သာလုပ်သည်။သူက ချန်းယောလ်အဖြေကိုစိတ်ဝင်စားနေမိသည်။ ဘတ်ဟျွန်းကို သည်းသည်းလှုပ်နေခဲ့သည့် ချန်းယောလ်က မင်္ဂလာပွဲကိစ္စကြောင့် ဘတ်ဟျွန်းနာမည်ကိုမကြားချင်လောက်အောင်ကို ဖြစ်သွားခဲ့တာအသိပဲမလား။ချန်းယောလ်က အချစ်လည်းကြီးသလို အမျက်လည်းကြီးသည်ထင်ပါရဲ့။

“ချန်းယောလ်လီ..’

သူဌေးကတော်ပတ်က တစ်ခုခုပြောချင်စေဟန်ဖြင့် ချန်းယောလ်ကိုခေါ်လာတော့ ဖုန်းသုံးနေသည့် ချန်းယောလ်က ခေါင်းမော့လာသည်။

“အင်… မင်းက ဘယ်ပြောင်းမှာလဲ။ဒီမှာပဲနေ… မဟုတ်လည်း မေမေက မင်းကို သားအဖြစ်သတ်မှတ်ပြီးသားပဲကို။အာ.. မေမေ. ဒီမိန်းကလေး..ဘယ်လိုလဲ လှတယ်မလား..။”

ချန်းယောလ်က ဘတ်ဟျွန်းကိစ္စကိုအာရုံဝင်စားဟန်မပြဘဲ သူ့ဖုန်းထဲက ကောင်မလေးတစ်ယောက်ပုံကို သူဌေးကတော်ပတ်အား လှမ်းပြသည်။သူဌေးကတော်ပတ်က ယောင်ယမ်းစွာဖြင့် ခေါင်းညိတ်ပြမိတော့မတတ်.

‘သူက ဟယ်အုပ်စုက သမီးလို့ပြောတယ်မေမေ.။ ဟိုတလောတည်းက တွေ့တာကိုခုမှသေချာသတိထားမိတော့တယ်။ ချမ်းသာတယ်။ လှတယ်။ အဆင့်အတန်းရှိတယ်။’

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now