Part-11

5.2K 948 73
                                    

Episode-11

ကားကိုအိမ်ထိရောက်အောင်မောင်းလာနိုင်ခဲ့ပေမယ့် စတီယာရင်ကို ကိုင်ထားသည့် ချန်းယောလ် လက်တွေ တုန်ယင်နေ ခဲ့သည်။ကားကိုခြံထဲထိသွင်းလာခဲ့ပြီး အိမ်ထဲဝင်လာတော့ အလုပ်ဆင်းတော့မည့် အဒေါ်ကြီးနှင့်အိမ်ပေါက်ဝတွင်ဆုံ သည်။

“ညစာတော့ ပြင်ပေးခဲ့ပါတယ်ရှင်.သမီးလေး နေမကောင်းတာမို့ စောစောပြန်ချင်လို့ပါ.”

“ရပါတယ်.အဒေါ်ကြီး အေးအေးဆေးဆေးပြန်ပါ.”

“ဟုတ်ကဲ့ ဒါနဲ့ မင်းသားလေးရော.. ”

“သွားတော့လေ. နောက်ကျနေလိမ့်မယ်.”

အဒေါ်ကြီးက ခေါင်းညိတ်လျက် ခပ်မြန်မြန်ထွက်သွားခဲ့သည်။ချန်းယောလ် အိမ်အပေါ်ထပ်ထိ တောက်လျှောက်တက် လာခဲ့လိုက်သည်။ တစ်အိမ်လုံးတိတ်ဆိတ်နေပုံထောက်လျှင် ဒေါ်လေးဟယ်ရီလည်းရှိပုံမပေါ်။ကုတင်ပေါ်ပစ်လှဲလိုက်ရင်းက ချန်းယောလ် မျက်နှာကြက်ကို အကြောင်းမဲ့ကြည့်နေမိသည်။

အာရုံထဲဝင်လာတာက စိတ်လိုလက်ရပြုံးပြတတ်သည့် အပြုံးတွေရယ်.. လက်သွယ်သွယ်လေးတွေရယ်…

ဖြစ်ချင်သလိုဖြစ်လာပြီး ထားခဲ့လိုက်တာကို ချန်းယောလ် ကျေနပ်နေသင့်သည်။ မေမေတို့ပြန်ရောက်လာလျှင်လည်း အိမ်ကနေ ထွက်သွား သည်ဟု ပြောလိုက်ဖို့ထိ ချန်းယောလ် ကြိုစဉ်းစားနေခဲ့သည်။ဘယ်လိုပဲဖြစ်ဖြစ် သားအရင်းမှမဟုတ်တာကို မေမေ နေမကောင်းဖြစ် စိတ်ဆင်းရဲရလည်း မကြာခင်ပျောက်သွားလိမ့်မည်ဟု ယူဆလိုက်သည်။အွန်းလေး ဆိုသည့် ညီငယ်ကို ချန်းယောလ် သေသေချာချာတောင် မမှတ်မိတော့ပါ။ငယ်ကတည်းက ဆုံးသွားသည်မို့ ချန်းယောလ် က တစ်ဦးတည်းသော သား အဖြစ်သာ ရှင်သန်ခဲ့ရတာ။ ခု လိုချင်သလိုဖြစ်နေပြီပဲ.။စိတ်တို့လွတ်လပ်ပေါ့ပါးနေသင့်သည့်အစား. စိတ်နှလုံးသည် ဝေးလံခေါင်သီသည့် အရပ်တွင်ထားခဲ့ရသကဲ့သို့ ဗလာသက်သက်ဖြစ်နေခဲ့သည်။

ကိုကိုချန်းယောလ် ဆိုသည့်ခေါ်သံလေး.။ ဒီနေ့ဒီချိန်ထိ ဘယ်မိသားစုဝင်ကိုမှ အန္တရာယ်ပြုတာမျိူးမရှိဘဲ အေးအေးဆေးဆေး နေသည့်ကောင်လေး.။ ချန်းယောလ်ကိုဆို ပိုလို့ခင်တွယ်တတ်သည့် ကောင်လေးသည် နှင်ထုတ်မည်ဆိုတိုင်း မျက်ဝန်းငယ်က ငွေ့ရည်တဖွဲ့ဖွဲ့.။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now