Part-22

3.9K 738 16
                                    

Episode-22

“ပတ်ဘတ်ဟျွန်း”

အနားမှာလာပြီးခပ်တိုးတိုးခေါ်လိုက်ပေမယ့် ဘတ်ဟျွန်းကျောထဲစိမ့်ခနဲတောင်ဖြစ်သွားရသည်။လှည့်ကြည့်လိုက်တော့ ထင်တဲ့ အတိုင်း ဘတ်ဟျွန်း မနှစ်သက်သည့်ထိုသူ။ထယ်ဂီဆိုသူက ဘတ်ဟျွန်းတစ်ယောက်တည်းအပြင်သွားသည့်အချိန်ကိုပဲ မှန်းရွယ်နေသလားမသိ။အမြဲလိုလို ဘတ်ဟျွန်းသီးသန့်ရှိသည့်အချိန်တိုင်းကိုရောက်လာတတ်သည်။

“ဘယ်သွားမလို့လဲ”

“ဘာဖြစ်လို့ပါလဲ။ခင်မင်ရင်းနှီးတာလည်းမဟုတ်ဘဲ ကျွန်တော့်ကိုရင်းနှီးနေတဲ့ပုံလာမဖမ်းပါနဲ့။”

“ဘာလို့လဲ။ကိုယ်ကမင်းကိုခင်တယ်လေ.”

“ကျွန်တော်ကခင်လည်းမခင်ဘူး။ခင်လည်းမခင်ချင်ဘူး။ကိုယ့်လမ်းကိုယ်သွားပါ.”

ဒီလမ်းထိပ်လေးကို ဘတ်ဟျွန်းတစ်ယောက်တည်းသွားတတ်နေပြီမို့ လမ်းထိပ်က Mart ဆိုင်လေးမှာ မုန့်ဝယ်ရန် တစ်ယောက် ထည်းထွက်လာခဲ့ခြင်းဖြစ်သည်။ဒီလောက ဒီကမ္ဘာကို ရင်းနှီးလှပြီမဟုတ်လျှင်တောင် အတန်အသင့်ကျွမ်းဝင်နေပြီမို့ ဘတ်ဟျွန်း အနည်းငယ်တော့ရဲနေပြီဖြစ်သည်။လက်မှာ ချန်းယောလ် ဝယ်ပေးထားသည့် ဖုန်းလေးကိုသွားလေရာယူသွားတတ်တာမျိူး၊ ချန်းယောလ် စီးနင်းနေသည့်အရာကို ကားဟု ခေါ်တာမျိူး။

“မုန့်ဝယ်မလို့လား။ကိုယ် အပြင်ကစောင့်နေပါမယ်”

ချန်းယောလ်က ထိုလူ အနားကပ်လာလျှင် ဖုန်းဆက်ဖို့မှာထားပေမယ့် အလုပ်လုပ်နေသည့် ချန်းယောလ်ကို အနှောင့်အယှက် မပေးချင်။ပြီးတော့ ဘတ်ဟျွန်းက မိန်းကလေးလည်းမဟုတ်။အကျွမ်းကျင်ကြီးမဟုတ်တောင်ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင် သည်ဟု ယုံကြည်ချက်ရှိသည်။ထို့ကြောင့် အဲ့ဒီလူပြောတာကိုအရေးမလုပ်ဘဲ Mart ထဲဝင်လာလိုက်သည်။လိုချင်တာလေးတွေ ရော စားချင်တာလေးတွေပါ အကုန်ဝယ်လာခဲ့၏။ ကိုကိုချန်းယောလ်က ဘတ်ဟျွန်းအတွက် Card တစ်ခုပေးထားသည်။ ဒီဘက်ခေတ်မှာ များပြားသည်ဟုဆိုနိုင်ပါသည့်ငွေကြေးပမာဏမှန်း ဘတ်ဟျွန်းသိနေပြီးသားဖြစ်သည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now