Part-21

3.8K 790 27
                                    

Episode-21

ညနေလောက်ကတည်းကထွက်သွားသည့် ဘတ်ဟျွန်းလေးပါ ပြန်မလာသေးသည်ကြောင့် သူဌေးကတော်ပတ် က အိမ်ရှေ့ကို တမျှော်မျှော်။ဒါကိုကြည့်ကာ ဟယ်ရီ စိတ်ကအချဉ်ပေါက်လာရသည်။ဥက္ကဌပတ်ကလည်း ပြန်မလာသေးသည်မို့ သူဌေးကတော်ပတ်က ဘယ်သူ့ကိုမျှော်နေမှန်းမသိ။ ဖြစ်နိုင်တာကတော့ ဘတ်ဟျွန်းနှင့်ချန်းယောလ်ကိုသာဖြစ်ပေလိမ့်မည်။

“အမဂျောင် ဘယ်သူ့ကိုမျှော်နေတာလဲ”

“ဟင်.. အွန်းလေးနဲ့ချန်းယောလ်လီကိုလေ။ ခုထိဘာလို့ပြန်မလာသေးကြတာလဲမသိဘူး”

“သြော် အမဂျောင်ရယ် ပြန်လာပါလိမ့်မယ်။ကလေးတွေမှမဟုတ်တာ။ချန်းယောလ်လီတစ်ယောက်လုံးပါနေတာပဲကိုး”

အဲ့ဒါကြောင့်စိတ်မချပိုဖြစ်ရသည်ကိုတော့ သူဌေးကတော်ပတ်က မပြောတော့ပေမယ့် မျက်နှာမှာက အတိုင်းသားပေါ်လွင်နေရ သည်။ ဘာကြောင့်ရယ်မသိ။ချန်းယောလ်က ဘတ်ဟျွန်းကိုမကြည်ဖြူတာမဟုတ်တော့မှန်းကသိနေပေမယ့် ကြည်ဖြူပုံကလည်း တစ်မျိုးကြီးပဲဆိုတာခံစားမိနေသည်။

“ချန်းယောလ်လီက ဘတ်ဟျွန်းကိုစောင့်ရှောက်တတ်ပါတယ် အမရဲ့”

“အဲ့ဒါကို သိပါတယ်။ဒါပေမဲ့”

သူဌေးကတော်ပတ်စကားမဆုံးခင် အိမ်တံခါးကတီခနဲပွင့်ကာ ချန်းယောလ်လီနှင့်ဘတ်ဟျွန်းက အတူဝင်လာကြသည်။လှိုက်ခနဲ ပျော်သွားမိရင်း ချက်ချင်းထရပ်မိသည်။

“နောက်ကျလိုက်တာကွယ်။မေမေက စိတ်ပူနေတာ.လာပါဦး အွန်းလေး.”

ချန်းယောလ်လီကိုကျော်ကာ ဘတ်ဟျွန်းကိုလက်ဆန့်တန်းကာခေါ်သည့် သူဌေးကတော်ပတ်ထံသို့ ဘတ်ဟျွန်းကလည်း လက်ကလေးဆန့်လျက် ခပ်သွက်သွက်လှမ်းသည်။ချန်းယောလ်လီက ပြုံးကြည့်နေရုံသာ။

“ရုပ်ရှင်မပြီးသေးလို့ပါ မေမေရဲ့။ပြီးတော့ ကိုကိုက ညဈေးမှာလည်း မုန့်ဝယ်ကျွေးသေးတယ်။”

ပြုံးကာပြောနေသည့် ဘတ်ဟျွန်းကိုကြည့်ရင်း မျက်နှာလေးပေါ်က နှုတ်ခမ်းထောင့်စွန်းနားလေးသည်ပေါက်ပြဲနေသည်ကို မတော်တဆတွေ့လိုက်ရသည်။အလန့်တကြားဖြစ်သွားရရင်းပါးပြင်နုနုကို အုပ်ကိုင်မိပေတော့သည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now