Part-20

4.4K 836 50
                                    

Episode-20

စင်တာထဲက ထိုင်ခုံတန်းမှာထိုင်ရင်း ဝင်ပေါက်ကို ဘတ်ဟျွန်း တမျှော်မျှော်။ ချန်းယောလ်က ဒီညနေရုပ်ရှင်လိုက်ပြမည် ဟု ပြောထားတာမို့ ဘတ်ဟျွန်းက အလုပ်များနေသည့် ချန်းယောလ်ကို အိမ်ကိုပြန်မလာစေတော့ဘဲ သူကသာ ဦးလေးကြီး မောင်းသောကားဖြင့် စင်တာထဲကိုအရင်လာခဲ့လိုက်ခြင်းဖြစ်သည်။ ခုနှစ်နာရီတိတိချိန်းထားပေမယ့် ဆယ့်ငါးမိနစ်လိုနေ သေးသောအချိန်မှာ ဘတ်ဟျွန်း မျက်နှာလေးမငြိမ်တော့။ဦးလေးကြီးကစောင့်ပေးမည်ပြောသော်လည်း ချန်းယောလ် လာမှာပဲမို့လို့ ဘတ်ဟျွန်းကအရင်ပြန်ခိုင်းထားလိုက်နှင့်သည်။

“ကိုကိုချန်းယောလ်ကလည်းကြာလိုက်တာ။ ခုနှစ်နာရီတောင်ထိုးတော့မှာပဲကို”

ဖုန်းက ကိုင်နေကျမရှိပေမယ့် ခုနောက်ပိုင်းတော့ဖြင့် ဖုန်းလေးကို သွားလေရာယူသွားဖို့ချန်းယောလ်က မှာထားသည်။လက်ထဲ ကဖုန်းလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း လည်တဆန့်ဆန့်။ဘယ်လောက်ပဲ ချန်းယောလ်နှင့်တူတူသွားတတ်နေစေ ကာမူ စက်လှေကား၊ဓါတ်လှေကားတက်ရမှာတွေကိုတော့ဖြင့် ဘတ်ဟျွန်းက စိုးထိတ်နေမိသေးသည်။

“တစ်ယောက်တည်းလား ဘတ်ဟျွန်း.”

နာမည်ခေါ်သံကြောင့် ဆတ်ခနဲလှည့်ကြည့်လိုက်ပေမယ့် ဘတ်ဟျွန်းပြုံးမပြမိ။ ဟိုတစ်နေ့ကလူကို ဘာလို့မှန်းမသိ။ ဘတ်ဟျွန်း အမြင်မကြည်။ ထိုလူ၏ခပ်ချောချောမျက်နှာကိုလည်းမကြည်သလို ဘတ်ဟျွန်းကိုသိမ်းကျူံးကြည့်တာကို လည်းမကြိုက်။ထို့ကြောင့် ဘတ်ဟျွန်းမျက်နှာလေးက အလိုအလျောက်တည်တင်းနေမိပြီးသားဖြစ်သည်။ထိုသူက ဘတ်ဟျွန်း ဘေးမှာပင်ဝင်ထိုင်လာ၏။

“အဟွန်း မျက်နှာထားလေးကြည့်ရတာ ကိုယ့်ကိုမှတ်မိတယ်ထင်တယ်။တစ်ယောက်တည်းလား”

“ဟုတ်ကဲ့ မြင်တဲ့အတိုင်းပါပဲ။ ခုတော့တစ်ယောက်တည်းပေမယ့် ကိုကိုချန်းယောလ်ကိုစောင့်နေတယ်။”

ထိုမျှသာ ပြောပြီး ဝင်ပေါက်ကို ခေါင်းလေးတမော့မော့ဖြင့် ပြန်ငေးမျှော်နေပြန်သည့် ဘတ်ဟျွန်းကို ကြည့်ကာ ထယ်ဂီ သဘောကျစွာပြုံးမိသည်။ဝတ်ထားတာက စိမ်းနုရောင်တီရှပ်ကို အောက်က ကာကီရောင်ဘောင်းဘီရှည်ပွပွလေးဖြင့် ရိုးရိုးပါပဲ။ တကယ်ကိုရိုးရိုပဲ။သို့ပေမယ့် သွေးမတော်သားမစပ်ဘဲ ပတ်ချန်းယောလ် တစ်ယောက်ဖူးဖူးမှုတ်ထားရလောက်အောင် လည်း ချစ်ဖို့ စွဲမက်ဖို့ကောင်းတာတော့ သူ လက်ခံမိပါသည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now