Part-17

4.4K 883 37
                                    

Episode-17

သူဌေးကတော်ပတ်က ဘတ်ဟျွန်းကို တစ်ယောက်တည်းမသွားခိုင်းတာမို့ ဘတ်ဟျွန်းက အိမ်က ကားမောင်းသည့် ဦးလေးကြီးကို Capital P သို့လိုက်ပို့ခိုင်းရလေသည်။ ကိုယ်တိုင်သွားတတ်နေပြီဟု ယူဆသည့် ဘတ်ဟျွန်း သည် ချန်းယောလ်ရှိရာ Capital P ထိအောင်သွားလျက် နေ့လည်စာထမင်းဘူးလေးဖြင့် အံ့သြသွားအောင် လုပ်ချင်မိသေးသည်။ခု သူတို့က သမီးရည်းစားလိုဆက်ဆံရေးထင်ပါရဲ့။မနေ့က ချန်းယောလ် သူ့ကိုနမ်းတော့လည်း ဘတ်ဟျွန်း ခြေဖျားတွေတောင်မထောက်နိုင်လောက်အောင် ရင်တလှပ်လှပ်ဖြင့်.။ဘတ်ဟျွန်း ဘဝတွင် ဒါသည် အနမ်းဦး ဖြစ်သည်။ ပြီးတော့ ပါးမြင်မို့မို့က အနီစွေးလျက် ပြန်တွေးတိုင်း ရှက်ရဲရဲလေးဖြစ်ရသည်။ ဘယ်လောက်ကြာအောင် နမ်းနေ မိမှန်းတောင်မသိ. ဘတ်ဟျွန်း သူ့ရင်ဘတ်ကိုထုရိုက်တော့မှ ချန်းယောလ်က လွှတ်ပေးခဲ့တာဖြစ်သည်။မီးရောင်အောက်က ချန်းယောလ်၏ညှို့ရီရီမျက်ဝန်းတွေကိုတော့ဖြင့်တစ်သက်မေ့နိုင်အံ့မည်မထင်။

“အာ ဦးလေးကြီး ခဏလောက်.ဒီကားလေးကို ရပ်ပေးပါဦး.”

“ဘာလိုချင်လို့လဲ။ဦးလေး ဆင်းဝယ်ပေးပါမယ်”

“ဟင့်အင်းရပါတယ် ခဏနော်.ကားပေါ်ကပဲစောင့်ပါ။”

လမ်းဘေးက အသားချောင်းဆိုင်လေးကိုလှမ်းမြင်တော့ ဘတ်ဟျွန်းအသည်းအသန်ကားရပ်ခိုင်းလိုက်သည်။ကားရပ်ပြီးသည်နှင့် ထိုဆိုင်တန်းလေးဆီကိုခပ်သွက်သွက်ပြေး၏။ အသားချောင်းလေးငါးခုထုကိုတော့ ထုပ်ပိုးခိုင်းလိုက်ပြီး ပူပူနွေးနွေးအသားချောင်း လေးတစ်ခုကိုတော့ ဘတ်ဟျွန်း စားသည်။ တဖူးဖူးမှုတ်ကာ အားရပါးရစားနေသည်ကို ဘေးကနေ ကြည့်နေသည်ဟု ခံစားရသည်ကြောင့် စောင်းကြည့်လိုက်တော့ ဘတ်ဟျွန်း ဘေး က ဈေးဝယ်သူ လူတစ်ယောက်က ဘတ်ဟျွန်းကိုပြုံးလျက် ကြည့်နေသည်။ သိသလိုမသိသလိုခံစားချက်ပေမို့ ဘတ်ဟျွန်း အီလည်လည်ပြုံးပြလိုက်သည်။

“မမှတ်မိဘူးလား။ကိုယ်တို့ကလပ်မှာတွေ့ဖူးတယ်လေ.။အဲ့ဒီတုန်းက မင်းက ကိုကိုချန်းယောလ်ဆိုပြီးကိုယ့်ကိုအတင်းလာတွဲတာလေ.”

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now