Part-27

3.2K 551 64
                                    

Episode-27

“ဘတ်ဟျွန်း.. ညီလေး.. သတိထားပါဦး”

တစ်စုံတစ်ယောက်က သူ့ကိုအတင်းလှုပ်နှိုးနေသည်မို့ ဘတ်ဟျွန်း၏မွန်းကြပ်နေသော စိတ်နှင့်မျက်လုံးလေးသည် ဖြည်းဖြည်းချင်း ပွင့်လာရင်း ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။

“အကိုတော်.’

အကိုတော်က ဘတ်ဟျွန်းကို အသာထူပေးလျက် ကျောကို သာသာပုတ်ပေးရင်း သက်ပြင်းချသည်။

“တော်သေးတာပေါ့။စိတ်ပူလိုက်ရတာ။ဒီအတောအတွင်း ဘယ်ရောက်နေခဲ့တာလဲ.”

ဘတ်ဟျွန်း ပတ်ဝန်းကျင်အခြေအနေကို ဝေ့ဝဲကြည့်မိတော့သည်။သစ်တောအုပ်လေးတစ်ခုအတွင်းတွင်ဖြစ်ဟန်တူပြီး ဘတ်ဟျွန်း တို့ ရှိနေသည့်နေရာက ချောင်းလေးဘေး။အကိုတော်ကိုကြည့်လိုက်တော့လည်း မင်းညီမင်းသားဝတ်စုံဖြင့်မဟုတ်ဘဲ သာမန် လယ်သမားပုံစံဝတ်ဆင်ထားလျက် ဘတ်ဟျွန်းနည်းတူ တစ်ကိုယ်လုံးလည်းရွှဲရွှဲစိုလျက်။

‘ဒါပေမဲ့လည်း တော်ပါသေးတယ်။ဘတ်ဟျွန်းလေးရှိမနေခဲ့လို့ ဒုက္ခတွေက ကင်းလွတ်ခွင့်ရသွားတာ။”

‘အကိုတော် ဘာတွေဖြစ်ခဲ့တာလဲ။ခမည်းတော်တို့ရော.’

အကိုတော်မျက်နှာက ပျက်ယွင်းသွားသည်။ခုထိ မျက်လုံးလေး ကလယ်ကလယ်ဖြင့် သူ့ကိုမော့ကြည့်နေသည့် ညီဖြစ်သူကို လက်ကနေ ဆွဲထူထလိုက်သည်။

“လာ.. အိမ်ထဲရောက်မှ အကိုတော် အားလုံးရှင်းပြမယ်။”

ဘတ်ဟျွန်းက ခုထိ ထုံဏှိဘာဝေ။အကိုတော်ဆွဲခေါ်သည့်နောက်ကို ယောင်လည်လည်ဖြင့်လိုက်လာခဲ့မိတော့သည်။အကိုတော်က တောလမ်းလေးကိုဖြတ်လျက် တောင်ကုန်းပေါ်လေးက အိမ်ငယ်လေးတစ်ခုဆီခေါ်ဆောင်သွားသည်။တဲအိမ်သာသာ အိမ်လေးက ခပ်စုတ်စုတ်သာဖြစ်သည်။အိမ်ထဲရောက်တော့ ဘတ်ဟျွန်းကို အင်္ကျီတစ်စုံထုတ်ပေးပြီးလဲစေသည်။အကိုတော်က သူကိုယ်တိုင်လည်း အနောက်ဘက်ဝင်သွားလျက် အင်္ကျီတစ်စုံခပ်မြန်မြန်လဲလိုက်သည်။ မီးဖိုတွင်တင်ထားဆဲဖြစ်သည့် ရေနွေးအိုးလေးထဲက ရေနွေးပူပူလေးတစ်ခွက်ငှဲ့လျက် ဘတ်ဟျွန်းကို ကမ်းပေးလာသည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now