Part-8

4.6K 861 24
                                    

Episode-8

ဘတ်ဟျွန်း ၏ အခန်းတွင် မေမေက စိုးရိမ်တကြီးပူပန်နေတာကိုတစ်ချက်ချောင်းကြည့်ရင်း ချန်းယောလ် အခန်းဘက် ပြန်လာ ခဲ့လိုက်သည်။ဆရာဝန်လည်းရှိနေသည့်ကြားကကို မေမေက ဘာကိုပူပန်မှန်းမသိ။အရေးထဲ ဒေါ်လေးဟယ်ရီကလည်း မေမေ့ အနားတွင်ရပ်လျက် ဘတ်ဟျွန်းအား ကူလျက်စိုးရိမ်သမှုပြုနေပါသည်။

*ဟန်ဘီ ဖုန်းခေါ်ထားတာတွေ့လို့.

#အင်း-မနေ့ညက နှုတ်မဆက်ဘဲ ပြန်သွားလို့လေ.။ချန်းယောလ် ဘာများဖြစ်လို့လဲလို့.။ မနေ့ကတည်း ကခေါ်ထား တာပါနော်။ခု မနက်မှ ပြန်ခေါ်တာပေါ့

မမြင်ရပေမယ့် ဟန်ဘီ၏အမူပိုစိတ်ခုဟန်ကိုပြေးမြင်မိတော့ ချန်းယောလ် မျက်နှာပြုံးစိစိဖြစ်သွားသည်။ အိပ်ရာပေါ် ပစ်လှဲလိုက်ရင်း တစ်စောင်းအနေအထားကိုပြောင်းကာ ဖုန်းကို ညာဘက်နားပေါ်တင်ပြောနေလိုက်၏။

#တောင်းပန်ပါတယ်။ကိုယ် နည်းနည်းကိစ္စရှိသွားလို့.။ဒီမနက် နိုးနိုးချင်းဖုန်းခေါ်ထားတာတွေ့တာနဲ့ ပြန်ခေါ်လိုက် တာ ပဲ။မနှုတ်ဆက်လိုက်ရတော့ ကိုယ်တောင် အားနာနေခဲ့တာ

*ရပါတယ်။ချန်းယောလ် တစ်ခုခုဖြစ်လို့လားဆိုပြီး တို့စိတ်ပူလို့ပါ။ အဆင်ပြေရင်ပြီးတာပါပဲ.

ဟန်ဘီအသံက ကြည်ကြည်လင်လင်ပဲမို့ စိတ်ဆိုးနေတာမျိူးမရှိမှန်းသေချာသွားမှ ချန်းယောလ် ဖုန်းချလိုက်ရသည်။အစစအရာ ရာ သိက္ခာကြီးမားသည့် အသိုင်းအဝိုင်းက ဟန်ဘီကသာ ချန်းယောလ်သဘောကျပြီး လိုက်ဖက်သည်ဟု ခံယူထားသည်မို့ ဟန်ဘီကို သူ ဘဝအတွက်ရည်ရွယ်ပါသည်။ထူးချွန်ထက်မြက်သည့် ဟန်ဘီက မိဘပိုင်ကုမ္ပဏီ မှာအလုပ်လည်း ဝင်သည်။ အလှအပကလည်းပြောစရာမလိုအောင်ဖြစ်သည်။

“ချန်းယောလ်လီ..ဒီမှာ ဘာလုပ်နေတာလဲ။အွန်းလေး ကရှာနေတယ်လေ.။ကိုယ့်ညီလေး နေမကောင်းတာ အနားနေပေးမှပေါ့ သားရယ်.”

ချန်းယောလ် ပုခုံးတစ်ဖက်ကိုအသာပုတ်ရင်း ပြောလာသူကိုလှည့်ကြည့်လိုက်တော့ သူဌေးကတော်ပတ် ဖြစ်နေ၏။သူ အိပ်နေရာက လူးလဲထလိုက်ရင်း အီလည်လည်ပြုံးပြလိုက်ရသည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now