Ep-1(Unicode)

118K 7.3K 3.2K
                                    

ဇာတ်သိမ်းပိုင်း

"အချစ် ကိုယ်တို့မိဘတွေက ကိုယ်တို့နှစ်ယောက်ကို သဘောမတူနိုင်ဘူးတဲ့ အချစ် ရယ် "

" ရင်တွေတော့ကွဲပါပြီ "

"မပူနဲ့အချစ် ကိုယ်တို့ ခိုးပြေးကြမယ်နော် "

"အင်း လာအခုပဲ ခိုးပြေးကြစို့"

Hotel ပြတင်းပေါက်မှ ခုန်ချကာ နှစ်ယောက်လုံးအပြင်ရောက်သည်။ ဘောင်းဘီနဲ့ အင်္ကျီ သေချာပြင်ဝတ်ပြီးသော် လမ်းဖြတ်ကူးလိုက်ချိန်

"ဟာ ... ဟိုမှာလာနေတာကား!!!"

ကျွီ ....ဒုန်း

နှစ်ယောက်လုံး သေသွားသည်။

နောင်ဘဝ တွေ့ပါက ပေါင်းချင်ပေါင်းမည် ။ ကွဲချင် ထပ်ကွဲမည် ။ ကျေးဇူးတင်ပါသည်။

စာရေးသူ - ဂေးတို့ရဲ့ဖခင်ကြီး ဖူဂျီတောင်ထိပ်က မျောက်မင်း

ပြီးပါပြီ ......

ဆာနေသော ဗိုက်ကို သည်းခံနေရင်း နောက်ဆုံးအပိုင်းကို တင်လိုက်ပြီး အကြောဆန့်လိုက်သည်။ပုံမှန်ဆို ဗိုက်ဆာရင် ဘယ်လိုမှ သည်းမခံနိုင်ပေမယ့် ဒီအချိန်တော့တခြားအရာတွေကို လျစ်လျူရှုနိုင်သည်။Update လုပ်ပြီးရင်လည်း ချက်ချင်းထမသွား၊ စာဖတ်တဲ့သူတွေ ကိုယ့်စာကို ဘယ်လို မှတ်ချက်ပေးမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ထိုင်စောင့်နေတတ်မြဲ။ ဟော တက်လာပြီ တစ်ယောက်

-ဟဲ့ စောက်ကျိုးနဲ ဘယ်လိုဇာတ်သိမ်းကြီးတုံး

ပထမဆုံး မှတ်ချက်မှာတင် ရင်ဝကို ဆောင့်ကန်လိုက်သလို။ဘာပဲ ဖြစ်ဖြစ်ပါ ပထမဆုံးဆိုတဲ့ အရာတွေက ကတောက်ကဆတ် ဖြစ်တတ်ပါတယ် ဥပမာ အချစ်ဦးလိုပေါ့။ နောက်ထပ် Reader တွေတော့ ငါထင်ထားသလို ဖြစ်မှာပါ။

-ဟားဟား .... ယုတ္တိမရှိချက်က လွန်ရောပဲ

-သူတို့နှစ်ယောက်က Hotel အပြင် လမ်းမကို ရောက်မှ ဘောင်းဘီဝတ်တာလားအော်သာ ဂျပလွတ်ရေ

-အစကတည်းက ဆဲချင်နေတာ ဇာတ်သိမ်းကျမှ အားရပါးရဆဲမယ်ဆိုပြီး အဆုံးထိ လိုက်လာခဲ့တယ် ချီးဇာတ်လမ်း ဖော်လော်မော် အယ်မှားလို့ နင်က ယောကျာ်း လေးဆိုတော့ မော်အော်လော်!

ရာဇဝင်ထဲက FudanshiWhere stories live. Discover now