Ep-4.2(Unicode)

39.4K 5.5K 1.3K
                                    



စုံလင်လှတဲ့ စားသောက်ပွဲအလယ် သဘင်တီးဝိုင်းကို ပြင်ဆင်လိုက်သည်။ရွှေပလ္လင်ထက်က ဘုရင်မင်းမြတ်မှာတော့ သူ့အကြံနဲ့သူ ဟန်ပါပါ ပြုံးလျက်။

အမိန့်ပေးခိုင်းစေမှုအရ လရောင်အောက်မှာ တရွေ့ရွေ့လာနေသော ပုံရိပ်ငယ်ကို သေရည်ခွက်ကိုင်လျက် အရသာခံကြည့်နေ၏။ အစေခံများက ဘေးပတ်ပတ်လည်ကနေ လိုက်ကာစအပါးလေးကို ကာထားလျက် ကြာပန်းတွေ ဝန်းရံထားသောနေရာသို့၊ တနည်းအားဖြင့် ရှိနေသူ အပေါင်းမြင်နိုင်သော စားသောက်ပွဲရဲ့ အလယ်ဗဟိုမှာ ရပ်တန့်သွားသည်။

စိတ်ကျေနပ်စေသော အပြုံးဖြင့် စတင်ရန် ရာဇ လက်ဟန် ပြလိုက်သည်နှင့် တပြိုင်တည်း ငြိမ့်ညောင်းသာယာသော ဂီတသံ ထွက်ပေါ်လာသည်။ထိုအချိန် ကြာပန်းဝန်းရံနေသော ကိုယ်လုပ်တော် ဘေးက အစေခံတွေဟာ လိုက်ကာ စကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ခွာသွားပြီး လူတိုင်းမျှော်လင့်နေသော ရွှေစင်ခရမ်းသွေးအား တွေ့ရဖို့ မျက်တောင်မခတ်တမ်းအာရုံစူးစိုက်နေကြသည်။ကြာပန်းပွင့်လေးလို ကာထားသော ဘေးလိုက်ကာများ ရှင်းလင်းသွားပြီး ထွက်ပေါ်လာသော ကိုယ်လုပ်တော်ရဲ့ ပုံစံအား မြင်လိုက်ရချိန် ....

"ဟင် .... "

"ဘ.... ဘယ်လို ...."

တစ်ယောက်တစ်ပေါက် အံ့ဩတကြီးထွက်လာသော အသံတွေကြား ရာဇမှာတော့ ပြောစရာစကားပျောက်ရှလျက်။တစ်ချိန်က မြင်ခဲ့ဖူးသော နတ်မိမယ် ပမာ ဝတ်ရုံက ယခုအခါ တစ်ထွာလောက်သာ ရှိသော အောက်ပိုင်း အဝတ်တစ်ထည်နှင့် အပေါ်ပိုင်းက ဖောက်ထွင်းမြင်နေရသော ဇာတစ်ထပ်သာ ခြုံထားသည်။

သေးသွယ်တဲ့ ခန္ဓာကိုယ်မှာ တင်ပါးမပေါ်ရုံဖုံးထားသောအစလေးက ခါးထောက်ကာ ကော့ပြီး ဖင်ကို နောက်ပစ်ထားတာကြောင့် မလုံတလုံဖြစ်နေသည်။ဇာအပါးအောက်က အဖြူရောင်အသားအရေမှာ ပန်းရောင်ပွင့်ချပ်က အထင်းသား။ကြည့်နေတဲ့ သံတမန်တွေအကုန် မျက်လုံးကျွတ်ထွက်မတက်ဖြစ်နေကြသည်။

သေရည်ရွှေခွက်ကိုင်ထားသော ရာဇရဲ့ လက်တွေ အကြောများ ထတဲ့အထိ တင်းမာသွားပြီး

ရာဇဝင်ထဲက FudanshiWhere stories live. Discover now