Ep-18(Unicode)

33.4K 4.2K 69
                                    



"ကဉ္စန ...."

ဖဲသားစောင်ထဲ ခေါင်းမြုပ်အောင်ထိ ကြောင်လေးတစ်ကောင်လို တိုးဝှေ့နေသော ကဉ္စနအား ရာဇ နူးညံ့စွာ ခေါ်လိုက်သည်။သို့သော် ပြန်ဖြေဆိုခြင်းမရှိဘဲ ဆံပင်ပါ မြုပ်သည်အထိ ပုန်းကွယ်ပစ်လိုက်သည်။

"ကဉ္စန ကိုယ့်ဘက်လှည့်ပါအုံး "

"နေစမ်းပါ ကိုယ့်ဘာသာ "

လှမ်းလာတဲ့ လက်ကို ပုတ်ထုတ်ပစ်လိုက်ပြီး အထိမခံသောကြောင့် ကဉ္စနအတွက် အချိန်လိုမှန်း ရာဇ နားလည်လိုက်သည်။ယုယကြင်နာခြင်းက လိုသည်ထက်ပိုရင်လည်း တစ်ဖက်လူ အနေကျပ်စေတာပဲ ပိုလာမည်ဖြစ်တာကြောင့် ရာဇ ခုတင်ပေါ်ကနေ ထလိုက်ပြီး

"ကဉ္စန စိတ်ပြေလက်ပျောက် နန်းတွင်းထဲ သွားကြည့်မလား "

အနက်ရောင် ဆံနွယ်လေးတွေ ဖဲသားအောက်က ထွက်ပြူလာပြီးနောက် ရာဇအား လှမ်းကြည့်သည်။ထို့နောက် မျက်စောင်းသဖွယ်ဖော်ဆောင်ကာ

"မင်းက နို့ဆာနေတဲ့ ကလေးလို လုံချည်ဆွဲလိုက်နေမှတော့ ငါဘယ်မှမသွားချင်ဘူး"

"ကိုယ်က လုံချည်မဆွဲပါဘူး"

"ဥပမာ ပြောပြတာ "

"ကဉ္စန အေးအေးဆေးဆေး အနားယူလို့ရအောင် ကိုယ်မလိုက်တော့ဘူး။ သို့ပေမယ့် စေခိုင်းစရာရှိရင် အရံသင့်ရှိနေအောင် ကိုယ်ရံတော် ဓညကိုတော့ ခေါ်သွားပါ"

"အေးပြီးတာပဲ မင်းလိုက်မလာနဲ့နော်"

" ကိုယ်တော်ရဲ့သခင်လေး... အမိန့်တိုင်းပါ"

ပြုံးနေတာမဟုတ်သလို မာန်ထန်နေသော မျက်နှာထားလည်းမဟုတ်။ ဒီအတိုင်း ကဉ္စနကို ကြည့်ကာ အနည်းငယ်ဦးညွှတ်လိုက်တဲ့ပုံစံကြောင့် ကြောင်အသွားရသည်။

-ီးလိုပဲ ကြက်သီးတွေတောင်ထသွားတယ်။

ခွင့်ပြုချက်ရပြီဆိုတာနဲ့ မင်းထက် အိပ်ယာပေါ်ကနေ လှစ်ခနဲ ထပြီး အပေါ်ဝတ်ရုံ ထပ်လိုက်သည်။ကျွန်းစားပွဲမှာ ထိုင်ပြီး လက်ဖက်ရည်ခွက်ကိုင်ကာ စိုက်ကြည့်နေသော ဘုရင်ကြောင့် ခါးစည်းကြိုးကိုင်ထားတဲ့ လက်တွေက ကတုန်ကယင်။အမြန်အပြီးသတ်ပြီး သူ့ဘက်ကို လှည့်မကြည့်ဘဲ အဆောင်အပြင်ဘက် အမြန်ဆုံးထွက်လာလိုက်သည်။ အနောက်နားဆီမှ ခပ်ဩဩအသံဟာ ကိုယ်ရံတော်အပေါ် အမိန့်အဖြစ် ကျရောက်စေပြီး မင်းထက် ခြေလှမ်းတွေပါ ပိုသွက်သွားရသည်။ သူပြောသည်က ကဉ္စန ဘေးနားကို လေတောင် ကြမ်းကြမ်း ဖြတ်မတိုက်မိစေနဲ့တဲ့။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now