Ep-30(Ending)U

40.5K 4.4K 570
                                    

ဆေးရုံအခန်းကျဉ်းလေးထဲမှာ တတီတီမြည်နေတဲ့ နှလုံးခုန်စက်သံနောက် ပြန်နိုးထလာတဲ့လူတစ်ယောက်။ လပေါင်းများစွာ အသက်ဝိညာဉ်ကင်းမဲ့နေသလို လဲလောင်းနေသော မင်းထက်ရဲ့ ခန္ဓာကိုယ်မှ လက်ချောင်းလေးတွေ စတင်လှုပ်ရှားလာလေတော့သည်။

နားထဲမှာ ဆရာဝန်ကို သွားခေါ်နေသော အဖေ့ရဲ့အသံ၊ သူ့လက်ကို ပြန်ဆုပ်ကိုင်ရင်း ငိုနေတဲ့ အမေ။သူ့တစ်ကိုယ်လုံးနာကျင်ပြီး လှုပ်မရနိုင်တာမို့ လက်တွေ့လား အိပ်မက်လားဆိုတာ မခွဲခြားနိုင်သေးပါ။

ဝေဝါးနေတဲ့အမြင်အာရုံကြား လောကကြီးနဲ့ တဖန် အဆက်သွယ်ပြတ်သွားလေတော့သည်။

..........

ဆေးရုံက ဆင်းပြီးတစ်ပတ်ကြာသည်အထိ သူအခန်းထဲမှာပဲအောင်းနေခဲ့သည်။ဝိညာဉ်လွင့်ပြီး ရောက်ရှိသွားတဲ့ အကြောင်းအရာအားလုံးကို တစ်ခုမကျန်အကုန်မှတ်မိနေတာမို့ တွေးလိုက်မိတိုင်း သူငိုနေမိမြဲ။ဆေးရုံပေါ်မှာ သတိရရချင်း သူ့ကလေးရောလို့ အတင်းအကန်မေးခဲ့သော်လည်း ပြန်ရရှိလိုက်တာ စိတ်ငြိမ်ဆေးအပြင် မိဘတွေရဲ့ စိတ်မကောင်းခြင်းများပင်။ခေါင်းကို အပြင်းအထန်ထိခိုက်သွားပြီး အသိစိတ်လွတ်နေတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်ကာ ဂရုဏာသက်တဲ့ မျက်ဝန်းတွေကြား သူက တကယ် အရူးတစ်ယောက်လိုဖြစ်နေခဲ့တာ။

ဝတ္ထုထဲရောက်သွားပြီး အရာအားလုံးပျောက်ကွယ်သွားတာလား။ဒါမှမဟုတ် သမိုင်းအစစ်မှန်တကယ်ရှိခဲ့ရင် အရှင်နဲ့ သူ့ကလေးလေးက ဘာတွေဖြစ်သွားပြီလဲ။ မင်းထက် အရမ်းသိချင်မိသည်။

အရူးမီိးဝိုင်းသလို ငိုလိုက် ၊ တိတ်ဆိတ်ပဲ ငေးငိုင်လိုက်နဲ့ အချိန်တွေကုန်နေရင်း သူတစ်ခုကို သတိရသွားသည်။ပျောက်ဆုံးနေသော မြို့တော်နဲ့ ဆက်စပ်ပြီး အားလုံးရဲ့အဖြေကို အဲ့ဒီစာရေးသူသိနိုင်မလားဆိုတဲ့ စိတ်နဲ့ ဖုန်းကိုပြန်ရှာကြည့်တော့ အမေက မင်းထက်စားပွဲပေါ်မှာ အရင်အတိုင်းတင်ထားပေးသည်။

အလျင်မြန်ပဲ လိုင်းဖွင့်ကာ ဝတ္ထုကိုရှာသော်လည်း ခေါင်းစဉ်သာရှိပြီး ဘာစာမှရှိမနေတော့ဘူး။Author Acc ထဲဝင်ကြည့်တော့လည်း အကောင့်က ပျက်နေလေပြီ။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now