Ep-22(Unicode)

32.6K 4K 568
                                    

ဖြူဖျော့ဖျော့ အသားအရေက အစိမ်းရောင် အကြောလေးတွေကို တမင်လိုက်ရှာနေစရာမလို။ လက်ဖျံကို ကြည့်လိုက်တာနဲ့ တန်းမြင်သည်။

တုသာရ ဆေးဘူးထဲကနေ အပ်တို့ တစ်ချောင်းပြီးတစ်ချောင်းယူကာ ခုတင်ပေါ်မှာ မှေးစက်နေသော ကဉ္စနကို စိုက်ပေးနေသည်။အရှိန်လွန်ကာ မေ့မြောသွားသည့်အထိ ပြုမူလိုက်တဲ့ တရားခံ ဘုရင်ကတော့ ခုတင်ဘေးမှာ ရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြင့် ဂနာမငြိမ်။

နန်းတွင်းသမားတော်တွေရှိသော်လည်း လှပလွန်းတဲ့ သူ့ရဲ့ အချစ်တော်လေး ခန္ဓာကိုယ်ကို အလွယ်တကူအထိမခံစေချင်။ တစ်ကြိမ်ကယ်တင်ခဲ့ဖူးသော မြို့စားကိုသာ နန်းတွင်းထဲရှိနေတုန်း အကူညီတောင်းဖြစ်တာ။ အဆိုးဆုံးအခြေနေနဲ့ ကဉ္စနကို တွေ့ဖူးတာတောင် တုသာရ စောင့်ထိန်းနိုင်တာကြောင့် ကုသတာက သူနဲ့သာ အသင့်တော်ဆုံးဖြစ်မည်။

အပ်ကို ပြန်နုတ်ပြီးသည်အထိ ကဉ္စန နိုးမလာသေး။တုသာရက ဝတ်ရုံမကာ ထိုင်မနေနိုင်သော ရာဇကို ဦးညွှတ်လိုက်ပြီး

"ခဏနေရင် နိုးလာပါလိမ့်အရှင် ... စိတ်ပူစရာမရှိတော့ပါဘူး"

"ကျေးဇူးပဲ တုသာရ "

"မခံယူဝံ့ပါဘူး အရှင် "

တုသာရ ခေါင်းပြန်ညွှတ်ကာ ဆေးသေတ္တာယူပြီး အဆောင်တွင်းမှ ထွက်သွားသည်။ထိုအခါမှ ရာဇ ခုတင်ဘေးနားဝင်ထိုင်လိုက်ပြီး အပ်ရာတွေထင်နေသော ကဉ္စန လက်ဖျံလေးကို ခပ်ဖွဖွလေးနမ်းကာ နိုးလာမယ့်အချိန်ကို စောင့်နေလေသည်။ အစွာလေး နိုးလာတာနဲ့ သူ့ကို ရန်ရှာတော့မယ်ဆိုတာ သိတော့ ရာဇ ပြုံးပြီး ကဉ္စနမျက်နှာလေးကို ငေးလျက်။

အမုန်းတွေနဲ့ အငြိုးထားစဉ်ကတောင် ကဉ္စနအပေါ် စိတ်မယိုင်ဖို့ မနည်းထိန်းနေခဲ့ရတာ။ ကိုယ့်ကိုယ်ကို လက်ခံပြီး ချစ်မိပြန်တော့လည်း ကဉ္စနနဲ့ ပတ်သတ်သမျှ အရာအားလုံးကို ပိုင်ဆိုင်ချင်လာရော။ အခု သူကိုယ်တိုင်ကပါ ကိုယ့်အပေါ် ထပ်တူ မေတ္တာရှိတယ်ဆိုတော့ တားဆီးထားတဲ့ စိတ်တွေ အလွန်အကျွံလျှံလာမိတာ။ဘယ်နေရာအစိတ်အပိုင်းမဆို ထိတွေ့ချင်လောက်အောင်ထိ ကဉ္စန ဖြစ်တည်မှုက နှစ်လိုဖွယ်ကောင်းသည်။ တစ်ခုပဲ

ရာဇဝင်ထဲက FudanshiWhere stories live. Discover now