Ep-3(Unicode)

42K 5.4K 981
                                    



နန်းတော်ကို ရောက်ပြီး နှစ်ရက်အကြာအထိ ဟိုဘုရင် ရောက်မလာခဲ့ပါ။အဆောင်တော်ထဲမှာ အိပ်လိုက်စားလိုက်ဖြင့်အချိန်ကုန်နေပြီး ပျင်းတာကြောင့် မင်းထက် အပြင်ထွက်လာလိုက်သည်။အထိန်းတော်ပြောတဲ့ နန်းတွင်းဥယျာဉ်ဆိုတဲ့နေရာကို အရင်သွားပြီး ကြည့်လိုက်တော့

"ဝါး....သာယာလိုက်တာ "

ပန်းရောင်စုံပွင့်လန်းနေတဲ့အပြင် သီးပင်စားပင်တွေ ဝေစာနေတာကြောင့် အသီးအနှံကြိုက်သော မင်းထက်မှာ ရတနာတွင်း တွေ့ရတာထက်ကို ပျော်နေသည်။ ခဏအကြာ ထိုအပျော်များကို အတွေးဝင်နှောက်လိုက်ချိန် ပြုံးနေတာတောင် တန့်သွားပြီး

"ငါ ဒီခန္ဓာကိုယ်ထဲ ရောက်လာတော့ ဖတ်ဖူးနေကျ Manga တွေထဲကလို တွီ တွီ တွမ်တွမ်နဲ့ System လည်းပေါ်မလာပါလား။အဲ့လို System နဲ့ဆို ငါဘာလုပ်ရမယ် ၊ဘာလုပ်သင့်တယ် ဆိုတာတွေ သိရပြီး Missionပြီးမြှောက်အောင် လုပ်ရမှာလေ ။ ဒါဆို ဟိုဘက်က ငါ့ခန္ဓာကိုယ် အသစ်ဆီ ပြန်သွားလို့ရပြီ။ အခုက အသက်မသေဖို့အရေး အကြံထုတ်နေရတာနဲ့တင် တ်ိုင်ပတ်နေတယ်။

ဘာလဲဒီကမ္ဘာကိုရောက်လာတဲ့ Mission က ဖင်ပြဲမယ့် ရက်ကို ထိုင်စောင့်ဖို့လို့တော့ ငါ့ကို မပြောနဲနော်။သောက်လခွမ်း.... ခေါင်းတောင် မူးလာပြီ "

ရေကန်ပေါင်ဘေးက ခုံတန်းမှာ ထိုင်ပြီး အထိန်းတော်ခူးလာပေးသော သစ်တော်သီးများကို အားရပါးရ စားနေသော ခရမ်းရောင် ပုံရိပ်လေးက ပန်းချီကားတစ်ချပ်အလား။ ရှည်လျားတဲ့ ပိတုန်းရောင် ဆံနွယ်တွေက လေ့ဝှေ့မှာ ယိမ်းနွဲ့နေပြီး တော်ဝင် နန်းဆန်သော မျက်နှာတော်အား ပေါ်တင်ကြည့်ခွင့်မရှိသော်လည်း နန်းတွင်းသူ၊ နန်းတွင်းသားတို့ ဤအလှတရားကို မသိမသာ ခိုးကြည့်နေကြသည်။

ထိုအချိန် ဇာမနီသွေးရောင် ဝတ်ရုံတော်ဖြင့် လျှောက်လှမ်းလားသော ပုဂ္ဂိုလ်ကြောင့် ရှိနေသူအပေါင်း မြေပြင်သို့ ခစားဝတ်တွားကြရသည်။ခုံတန်းပေါ်က ကျောပေးထားသော တော်ဝင်ကိုယ်လုပ်တော်အား အစေခံများက သတိပေးဖို့ ပြင်နေတာကြောင့် လက်ဟန်ပြကာ တားလိုက်ပြီး မသိစေရ။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now