Ep-21(Unicode)

33.3K 4.1K 191
                                    



တစ်ညလုံး ရင်ခွင်ထဲ မလွတ်တမ်းဖက်တွယ်ထားတဲ့ ရာဇကြောင့် မင်းထက် စိတ်တို့ ငြိမ်းချမ်းစွာအိပ်စက်နိုင်သည်။မူလ အိမ်ရှေ့စံရဲ့ ချစ်ခြင်းမေတ္တာထပ်လောင်းပေါင်း၍ ဒီဘုရင်အပေါ် ရင်ခုန်နေခြင်းက မင်းထက် အနေနဲ့ပါ သေချာလို့နေပြီ။ရာဇကို သူချစ်သည်။ရာဇနားနေရတာ လုံခြုံနွေးထွေးစေတဲ့အပြင် လောကမှာ ကြောက်စရာကောင်းတယ်ဆိုတဲ့ အရာတွေကို ရင်ဆိုင်နိုင်လောက်တဲ့အထိ သူယုံကြည်နေမိတာ။

တင်းကြပ်နေတဲ့ ခါးပေါ်ကလက်တွေ။ခေါင်းအထက်က ဝင်သက်ထွက်သက်ကြားက တိုးဝှေ့တဲ့ အနမ်းတွေ။ချစ်သူရှိနေတယ်ဆိုတဲ့ စိတ်က ဘယ်လိုမှဖော်ပြလို့မရတဲ့ကြည်နူးခြင်းပဲ။ကျယ်ပြန့်တဲ့ ရင်ခွင်ကြား မျက်နှာတိုးဝှေ့ မှေးစက်ရင်း။

........

မနက်ခင်းလင်းတော့ လက်လှမ်းမိတဲ့ ဘေးအိပ်ယာပြင်ဟာ အေးစက်စက်။အဆောင်တော်ထဲမှာရာဇမရှိတော့ပါ။ အနမ်းခြွေခြင်းနဲ့ နိုးထနေကျမို့ သူမရှိတော့ စိတ်ထဲမှာ တစ်မျိုးတစ်မည်။ တိတ်ဆိတ်နေတဲ့ အဆောင်တော်ထဲ လိုက်ရှာပေမယ့် မျက်နှာသစ်ပေးဖို့ စောင့်နေတဲ့ အစေခံတွေသာရှိသည်။

အဝတ်အစား ဆံပင်ကအစ အကုန်ပြင်ဆင်ပြီးမှ မင်းထက် အဆောင်ထဲကနေ ထွက်ပြီး မနက်စာစားတဲ့နေရာကိုလာတော့ ရာဇထိုင်နေတာလှမ်းတွေ့သည်။ ဝတ်ရုံကို ခလုတ်မတိုက်အောင် 'မ' ပြီးမြန်မြန်လျှောက်သွားတော့ သူက စားပွဲကနေ ကြည့်နေတယ်။ ဘေးနားဝင်ထိုင်ပြီး ပြုံးပြတဲ့အထ်ိရာဇ နှုတ်ခမ်းမှာ တုန့်ပြန်အပြုံးကိုမတွေ့ရသေးဘူး။

မုန့်တွေတစ်ခုပြီးတစ်ခု ယူစားနေသော ကဉ္စန ခေါင်းလေးဆီ လက်လှမ်းပြီးမှ ရာဇ လက်က လေထဲတင်ရပ်တန့်သွားသည်။သူ့ကို မျက်လုံးလှန်ကြည့်တော့ လက်ကို ပြန်ရုတ်ပြီး

"ကဉ္စန ဖြည်းဖြည်းချင်းစားနှင့်နော် ကိုယ် ညီလာခံရှိလို့ ရေချိုးဆောင်ဝင်လိုက်အုံးမယ် "

ပြောပြီး ချက်ချင်းထသွားတဲ့ ရာဇ နောက်ကျောကို ကြည့်ရင်း မုန့်လည်းထပ်မစားတော့။အရင်ကဆို ချီခေါ်ပြီး အတူဇွတ်ချိုးပေးနေတဲ့လူက အခုတမင်တကာကို တစ်ယောက်တည်းချန်ထားခဲ့တယ်။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now