Ep-2(Unicode)

46.7K 5.9K 1.8K
                                    


ဘေးနားမှာ ရှိနေတဲ့ အထိန်းတော်ဆိုသော အမျိုးသမီးကို အင်တာဗျူးလို့အပြီး မင်းထက် ခေါင်းမှာချာချာလည်လို့နေသည်။ သမိုင်းထဲက သင်ခဲ့ရတဲ့ မတောက်တခေါက် မှတ်ဉာဏ်အရ. သရေခေတ္တရာ ပြီးရင် ပုဂံခေတ်လာတာ ဖြစ်သည်။ အခုက ပျူခေတ်ပြီးတော့ ပုဂံခေတ်မရောက်ခင် ဓနမြို့တော်ဆိုပြီး သပ်သပ်ပေါ်နေတာတဲ့။ဒါဆို ဟို နာမည်ကြီး Author ရေးထားတဲ့ သမိုင်းထဲ ပျောက်ဆုံးနေတဲ့ မြို့တော်ဆိုတာ တကယ်ရှိနေတာပေါ့။ အဲ့အထိက လက်ခံလို့ရသေးတယ်။ဘာလို့ ....

" ဘာလို့ ငါက UKE ဖြစ်မယ့် အိမ်ရှေ့စံ ခန္ဓာကိုယ်ထဲ ရောက်လာရတာလဲ !! တကယ်ဆို ဖိုက်တာ ဘုရင်ရဲ့ ကိုယ်ထဲဝင်ပြီး ရာဇဝင်ထဲ အလှလေးတွေကို ငါဆွဲစားလို့ရမှာလေ၊ အနည်းဆုံး ငါမစားရင်တောင် ဆွဲ ship ပေးလို့ရတယ် "

မင်းထက် အဆောင်တော်ထဲမှာ အရှေ့ လျှောက်လိုက် အနောက်လျှောက်လိုက်ဖြင့် တစ်ယောက်တည်း ရေရွတ်နေသော စကားတွေကို အထိန်းတော်မှ ခေါင်းကုတ်ကာ နားထောင်နေသည်။သူမနားမလည်သော စကားတွေပြောနေသော အရှင်မင်းသားဟာ ပြန်နိုးထ လာပြီးကတည်းက တခြားတစ်ယောက်လို ပြောင်းနေတာက အဆိပ်ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်လမ့်မည်။

"အဒေါ် ကျွန်တော့်ကို မှန်လေးတစ်ချပ်လောက် ယူပေးလို့ရမလား"

မင်းထက်အမေးကို ကြောင်တောင်တောင်ပြန်ကြည့်နေတာကြောင့်

" ရှေးခေတ်က မှန်ကို ဘယ်လိုခေါ်တာပါလိမ့်... အာ ကြေးမုံ ... ကြေးမုံယူပေးပါလား"

ဝတ္ထုထဲက အလှလေးက အပြင်မှာရော ဘယ်လောက်ထိ လှလဲ သိဖို့လိုသည်။အရင်ငါ့ရဲ့ မူလမျက်နှာအတိုင်းပဲဆိုရင် ပန်းချီဆရာတွေခေါ်ပြီး မှတ်တမ်းတင်ထားခိုင်းရမယ် အဲ့ဒါမှ ငါဟိုဘက်ခေတ်ကို ပြန်ရောက်ရင် လူဝင်စားဆိုပြီး အထောက်အထားနဲ့ နာမည်ကြီးနေမှာ။

"ကြေးမုံရပါပြီ အရှင်မင်းသား"

"ဟင် လင်ဗန်းကြီးလား"

"ဒါ ကြေးမုံပါပဲ အရှင်မင်းသား"

ဟုတ်ပြီ ဟုတ်ပြီ မြင်ရရင်ပြီးရော လင်ဗန်းလည်းကိစ္စမရှိဘူး။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now