Ep-9(Unicode)

36.8K 4.9K 305
                                    



အနောက်ကနေ ပြေးလိုက်နေသော စစ်သည်တွေ လက်ကလွတ်အောင် ရာဇ ပြေးလွှားနေရသည်။ဗိုက်မှာ စိုက်နေသော မြှားတန်းလန်းနှင့် ဓားဒဏ်ရာအပြည့်ဖြစ်နေသောခြေထောက်တစ်ဖက်က စိတ်သွားတိုင်း ကိုယ်မပါနိုင်။

တစ်ကိုယ်လုံး နာကျင်စွာ မောဟိုက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။ တဖြည်းဖြည်း နီးကပ်လာတဲ့ အသက်နှုတ်ယူသူတွေရဲ့ ခြေသံ။ဝေဝါးနေသော အမြင်အာရုံ အမှောင်တိကျသွားသည်။

တဖန်ပြန်၍ နှာခေါင်းထဲမှာ သင်းပြပြမွှေးရနံ့တစ်ခုရပြန်သည်။အားယူပြီးမျက်လုံးဖွင့်ကြည့်တော့ မိမိရှေ့မှာ နီးကပ်စွာ ရှိနေတဲ့ ခရမ်းရောင် မြက်ပန်းလေးတစ်ပွင့်၊ ကြည့်ရင်းပဲ လေအဝေ့မှာ ယိမ်းနွဲ့ကာ ကကြိုးဆင်လာသည့်ဟန်။

တဖြည်းဖြည်းလူပုံသဏ္ဌာန်ဖြစ်သွားပြီး ဖြူဝင်းတဲ့ လက်လေးတွေကို သူ့ထံ ကမ်းလှမ်းလာကာ ပြုံးပြနေသော မျက်နှာပိုင်ရှင်က အိမ်ရှေ့စံကဉ္စန။ သို့သော် ရာဇနားကို ဆက်တိုးမလာဘဲ ဆန့်ကျင်ဘက်အရပ်သို့လှည့်ကာ ကျောခိုင်းသွားခဲ့သည်။

နင်းခြေသွားသော ခြေဖဝါးနုနုအောက်မှာ ကြေမွသွားတဲ့ ခရမ်းရောင် မြက်ပန်းပွင့်လေးတွေ။ရင်ထဲ ပိုမိုနာကျင်ပြီး အော်ဟစ်နေပေမယ့် ဘာအသံမှ ထွက်မလာ။ နောက်ဆုံး မြေပြင်ပေါ် လဲနေတဲ့ သူ့အပေါ် အုပ်မိုးလာတဲ့ အရိပ်က တချိန်လုံး မကြည်နေတဲ့ ကဉ္စနရဲ့ ခမည်းတော် ထီးနန်းအရှင်။ လက်ထဲက လှံကို အားနဲ့ စိုက်ချလိုက်တာ ရာဇ ရင်ဘတ်တည့်တည့်သို့

".........! "

"ဟေး မင်းအဆင်ပြေရဲ့လား"

ရင်ဘတ်ကို လက်နဲ့ ဖိကာ ဇောချွေးများပြန်နေသော ရာဇရဲ့ ပုခုံးကို ကိုင်ကာ စိုးရိမ်တဲ့ မျက်ဝန်းတွေဖြင့် မေးနေသော အိမ်ရှေ့စံ။

"အိပ်မက်ဆိုးတွေမက်နေတာလား ... အနာရှိန်ကြောင့် မင်းဖျားပြီထင်တယ် "

နှဖူးပေါ် လက်တင်ကာ စမ်းရင်း ပြောနေသော ကဉ္စနလက်ကို ပုတ်ထုတ်လိုက်သည်။ထိုအခါ လက်က ဆစ်ခနဲ နာသွားတာကြောင့် ကြည့်လိုက်တော့ ခရမ်းရောင်ဖဲသားစနဲ့ စည်းနှောင်ထားတဲ့ ဒဏ်ရာတစ်ခု။

ရာဇဝင်ထဲက FudanshiWhere stories live. Discover now