တစ်ဆစ်ဆစ်ကိုက်နေတဲ့ ခေါင်းကို လက်နဲ့ဖိရင်း မင်းထက် အိပ်ယာပေါ်မှ ထလိုက်သည်။ မနေ့ညက ဟိုဘုရင်နဲ့ ဘာတွေထပ်ပြောလိုက်မိလဲ သေချာမမှတ်မိ။သူ့နှလုံးသားကို ယူမယ်လို့ပြောတဲ့အထိပဲသိပြီးအဆောင်တော်ကို ဘယ်လိုပြန်ရောက်နေလဲမသိဘူး။
"အရှင်မင်းသား မျက်နှာသစ်တော်ရေ ရပါပြီ "
ငွေဖလားနဲ့ ထည့်ထားသော ရေခွက်ကို ယူကာ မျက်နှာသစ်လိုက်မှ အနည်းငယ် ကြည်လင်သွားသည်။ထို့နောက် ဝတ်ရုံကို အသစ်ပြန်လဲပေးပြီး မနက်စာပြင်ထားတဲ့နေရာကို သွားမယ် လုပ်ချိန်
"မယ်မယ်ဘုရား ကြွလာပါတယ်....အရှင်မင်းသား"
"မယ်မယ်ဘုရား? မိဖုရားခေါင်ကြီးလား"
ဟိုက် ....! ဇာတ်လမ်းတွေထဲကလို လာနှိပ်စက်တာတော့ မဟုတ်လောက်ပါဘူးနော် ။
ဖတ်ထားတဲ့ ပျောက်ဆုံးနေသော မြို့တော်ထဲမှာ မိဖုရားနေရာမပါတာကြောင့် သူဘယ်လိုလူမျိုးလဲ ကြိုပြီးခန့်မှန်းလို့မရပေ။တွေးကြည့်တာထက် ပြေးကြည့်တာ ပိုမြန်တာကြောင့် မင်းထက် စဉ်းစားမနေတော့ဘဲ အဆောင်ရှေ့ထွက်လာလိုက်တော့အခြွေရံတွေရဲ့ရှေ့မှာ ရပ်နေသော သူတစ်ယောက်။သိသလောက် ၊မှတ်သလောက် ကြည့်ဖူးတဲ့ ကိုရီးယားကားထဲတွေထဲကလို ခေါင်းညွတ်ပြီး အရိုအသေပေးလိုက်သည်။ထို့နောက် ပြန်မော့ပြီး ကြည့်လိုက်တော့
WTF ! မိဖုရားက အဲ့လောက်အရပ်ရှည်လားဟ! ငါ့ထက်တောင် ခေါင်းတစ်လုံးပိုမြင့်နေသေးတယ်
"အရှင့်သား မနက်စာ သုံးဆောင်ပြီးပြီလား"
အရပ်တင်ရှည်တာမဟုတ်ဘူး အသံကပါ ယောကျာ်းသံလို ခပ်ဩဩကြီးပါလား။ရှယ်ကိတ်နေတဲ့ ရင်ဘတ်သာမပါရင် လုံးဝ စစ်သူကြီးမိန်းကလေးပုံစံပြောင်းထားသလိုပဲ။နေပါအုံး အဲ့အကိတ်ကြီးကလည်း သစ်တော်သီးတွေ ဖြစ်နိုင်တာပဲလေ။အတည်ပြုဖို့ ကိုင်ကြည့်လိုက်ရမလား
"အရှင့်သား!"
"ဟမ်.... သြော မစားရသေးပါဘူး မယ်မယ်ဘုရား "
"ဒါဆို အတူ သုံးဆောင်ရအောင် "
"ဟုတ်ကဲ့ အဲ ... မှန်လှပါ...အာမဟုတ်သေးဘူး မိဖုရားတွေဆို ဘယ်လိုပြောရတာလဲ"
YOU ARE READING
ရာဇဝင်ထဲက Fudanshi
FantasyBL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့ မခံချင်စိတ်ဖြင့် သူဘာတွေလိုအပ်နေလဲ သိရအောင် လတ်တလောရေပန်းစားနေသော နာမည်ကြီး ဝတ္ထုတစ်အုပ်ကို သွားဖတ်...