အဆောင်တော်တစ်ခုတွင် အတွေးများလျက် ထိုင်နေသော ရာဇ ဘေးတစ်ဖက်စီမှာ ကိုယ်ရံတော်နှင့် စစ်သူကြီးတို့ မတ်တတ်ရပ်နေသည်။ ကပွဲပြီးတဲ့အထိ အောင့်အီးသည်းခံနေရပြီး နားလည်ရခက်သော ကဉ္စနအကြောင်းကို ဘယ်လိုမှ အဖြေ ထုတ်လို့မရဖြစ်နေသည်။
သူ တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။ငါကိုယ်တော်ကို အရှက်ခွဲဖို့အတွက် ကိုယ်တိုင် အရှက်မဲ့အောင် တမင် လုပ်နေတာလား။
"အိမ်ရှေ့စံရဲ့ အခြေအနေ ဘာထူးသေးလဲ ဓည "
"မှန်လှပါ အရှင် အိမ်ရှေ့စံမင်းသားက မင်းကြီးရှေ့မှာတင် တမင်ဟန်ဆောင်ပြောင်းလဲနေတာ မဟုတ်ကြောင်းပါဘုရား.... အိမ်ရှေ့စံရဲ့အဆောင်တော်မှာလည်း ထူးဆန်းတဲ့ အပြုအမူတွေ လုပ်နေဆဲပါ"
ဓည စကားကြောင့် သူ အနည်းငယ်တွေဝေသွားသည်။ စစ်သူကြီးကတော့ ဘေးမှ ဘာမှဝင်မပြောဘဲ ရပ်နေဆဲ။
"ဘယ်လို ထူးခြားတာတွေလဲ "
"တစ်ယောက်တည်း အကျယ်ကြီးအော်ရယ်နေတာ၊နောက်ပြီး ကျွန်တော်မျိုး နားမလည်တဲ့ စကားတွေကို ရေရွတ်နေတတ်မျိုးပါ။အရင်က သိုသိပ်အေးဆေးတဲ့ အရှင်မင်းသားပုံစံမျိုး မဟုတ်ဘဲ တခြားတစ်ယောက်လို့တောင်ထင်မိတဲ့အထိပါဘုရား"
"အဆိပ်ကြောင့်ဖြစ်တာလား ဒါမှမဟုတ် ငါတို့ ရိပ်မိမှာစိုးလို့ ပိပိရိရိကြံစည်နေတာများလား...."
ရာဇ စကားကို ကြားတော့ ဘေးက နှစ်ယောက်ခေါင်းတညိတ်ညိတ် လုပ်ရင်း ဓညမှ
"အရှင်မင်းကြီးပြောတာ ဖြစ်နိုင်ချေရှိပါတယ် ကျွန်တော်မျိုးတို့ ဒီထက်ပိုပြီး သတိထားမှ ဖြစ်ပါလိမ့်မယ် ဘုရား"
"မှန်ပေတယ်..... စစ်သူကြီး ကာဠ"
"အမိန့်ရှိပါဘုရား"
"မြို့ရိုးရှေ့က သဲကျုံးကို အပီးသတ်နိုင်ဖို့ အမြန်စီစဉ်ဆောင်ရွက်ပါ"
"မှန်လှပါ ကျွန်တော်မျိုး အမြန်ဆုံးဆောင်ရွက်လိုက်ပါမယ် "
" မင်းကတော့ စစ်သူသည်တော်တွေရဲ့ တိုက်ရည်ခိုက်ရည်ကို သွေးထားပါ ဓည "
YOU ARE READING
ရာဇဝင်ထဲက Fudanshi
FantasyBL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့ မခံချင်စိတ်ဖြင့် သူဘာတွေလိုအပ်နေလဲ သိရအောင် လတ်တလောရေပန်းစားနေသော နာမည်ကြီး ဝတ္ထုတစ်အုပ်ကို သွားဖတ်...