Ep-17(Unicode)

35.9K 4.5K 463
                                    

ရာဇဆိုတဲ့ ဘုရင် အတူနေပြီးကတည်းက မင်းထက်ပေါ်ကို စိတ်ရှုပ်စရာကောင်းလောက်အောင် ဂရုစိုက်လာသည်။တစ်နေကုန် သူ့မျက်စိရှေ့က အပျောက်မခံ။စားတော့လည်း ဘေးကနေ ထိုင်ကြည့်။ရေချိုးတော့လည်း ကိုယ်တိုင် ချေးတွန်းပေး။နောက်ဆုံး အိမ်သာထဲ ဝင်ရင်တောင် ဘေးက ထိုင်စောင့်မယ်ပြောလို့ အော်လွတ်ရသေးသည်။ ရှေးခေတ် အိမ်သာတွေက အကျယ်ကြီးဖြစ်တာကြောင့် ဘေးမှာ စောင်နဲ့ခင်းအိပ်လို့ရသော်လည်း စိုက်ကြည့်နေတဲ့သူ့ရှေ့မှာ ဖင်ချွတ်ပြီး ဘယ်လိုပါရမှာလဲ။

ဒီကြားထဲ အဲ့နေ့ညက မိန်းမတွေလို ရာသီလာတယ်ကြာတော့ ခေါင်းကို ဆယ်ပေါင်တူနဲ့ ထုခံလိုက်ရသလို ချာချာလည်လို့။၂၁ ရာစုမှာ အမြင်ကျယ်တဲ့သူဖြစ်တဲ့အပြင် fic တွေထဲမှာ ဖတ်ဖူးထားလို့သာ မင်းထက် ရူးမသွားသေးတာ။ပိုထူးဆန်းတာက ဘုရင်နဲ့ ဖြစ်ခဲ့တဲ့ ညကို နည်းနည်းလေးမှပြန်မမှတ်မိတာပဲ။ အရက်မူးရင် အသိစိတ်ပျောက်တယ်ဆိုသော်လည်း သုံးရက်မထနိုင်လောက်အောင် အတင်းလုပ်ရင်တော့ အမူးပြေသွားနိုင်တယ်။ဒီအိမ်ရှေ့စံရဲ့ ခန္ဓာကိုယ်က ဘာတွေဖြစ်နေတာလဲ။ပြီးတော့ ကလေးသရဲကိုလည်းမတွေ့တော့ဘူး။အဲ့ဒါနဲ့များဆိုင်နေမလား။

"အား ... မသိတော့ဘူးကွာ "

မင်းထက် ခေါင်းကို ကုတ်ကာ အော်ရင်း ဘုရင်ခွာပေးနေတဲ့ သစ်တော်သီးစိပ်တွေကို ပါးစပ်ထဲအပြည့် ကောက်ဝါးနေလိုက်သည်။ အခု သူတို့နှစ်ယောက် ဥယျာဉ်ထဲက ရေတံခွန်ဘေးမှာရှိနေတာ ။ ညီလာခံပြီးကတည်းက တချိန်လုံး အကြင်နာမျက်ဝန်းတွေနဲ့ စိုက်ကြည့်နေသော ဘုရင်ကြောင့် မင်းထက်မှာ နေရထိုင်ရခက်လှသည်။ အဲ့ဒီနေ့ညက ဆေးခပ်ခံရတယ် ဆိုရင်တောင် သူမဟုတ်ဘဲ ဘုရင်ဖြစ်ချင် ဖြစ်နေမှာ။အရင်ကလို ဆူဖ်ို့ငေါက်ဖို့မပြောနဲ့ စကားသံတောင် ကျယ်ကျယ်မပြော။ ဩနေတဲ့ သူ့အသံကို ဇွတ်တွေ ကြင်နာပြီး တိုးတိုးလေးပဲပြောတာ။ကြက်သီးထစရာ။

"ဟိုဘက်လှည့်နေစမ်းပါကွာ အိပ်ရင်လည်း အိပ်နေလိုက် "

မင်းထက် သူ့ကို ဆက်မကြည့်အောင် မျက်နှာကို လက်နဲ့တွန်းကာ ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်သည်။လည်သွားသော မျက်နှာက တဖန်ပြန်လှည့်လာပြီး

ရာဇဝင်ထဲက FudanshiWhere stories live. Discover now