Ep-12(Unicode)

33.3K 4.5K 573
                                    



မိဖုရားရဲ့ ရိုက်နှက်မှုကြောင့် မြေပေါ်ကနေမထနိုင်တဲ့ အထိန်းတော်ကြီးရှေ့မှာ မင်းထက် ကာရပ်လိုက်သည်။ ရွယ်ထားတဲ့ မိဖုရားလက်ထဲက ကျာပွတ်ဟာ လေထဲမှာ ရပ်တန့်လျက်။

"ဘာတွေဖြစ်နေတာလဲ မိဖုရား"

ရာဇရဲ့အသံကို ကြားတော့ အခြွေအရံတွေပါ ပြားပြားဝပ်ပြီး မည်သူမှ မလှုပ်ရဲ။ သို့သော် မိဖုရားက လက်ထဲက ကျာပွတ်ကို ပစ်ချလိုက်ပြီး

"ဟောဒီယုတ်ညံ့တဲ့ အစေခံက နှမတော်ရဲ့ လည်ဆွဲဘယက်ကို ခိုးထားတယ်"

"မဟုတ်ရပါဘူး မယ်မယ်ဖုရားကျွန်တော်မျိုးမ. မခိုးဝံ့ပါဘူး"

မင်းထက် တွဲထူပေးထားတဲ့ကြားမှ တုန်တုန်ယင်ယင်ဖြင့် မြေပေါ် ပြန်ဝပ်ကာ တောင်းပန်နေသော အထိန်းတော်ကြီး။မိဖုရား တမင်သက်သက်ကို ကြံစည်နေတာသိတော့ မင်းထက် ဒေါသထွက်လာသည်။ ပြန်ပြောဖို့ ပြင်လိုက်သော်လည်း သူ့ထက်အရင် ရာဇ အသံထွက်လာတယ်။

"သက်သေရှိလား မိဖုရား"

"သိပ်ရှိတာပေါ့ အရှင်ရယ် .... ယူလာခဲ့စမ်း "

ခပ်မာမာ မိဖုရား အသံအဆုံးမှာ အထိန်းတော်ကြီးအဆောင်ထဲက အထုပ်တစ်ထုတ်ကို အစေခံတွေ​ ယူလာသည်။ ထို့နောက် အထုပ်ကို သွန်လိုက်တော့ အထည်စတွေထဲနေ ထွက်လာတဲ့ ပတ္တမြားလည်ဆွဲတစ်ခု။

"ဒီထက် ခိုင်လုံတဲ့ သက်သေ ရှိအုံးမလား အရှင် "

"မ.. မဟုတ်ပါဘူး ကျွန်တော်မျိုးမ ခိုးတာမဟုတ်ပါဘူး ... အထုပ်ထဲကိုဘယ်လို ရောက်... "

"နင့်ပါးစပ်ကို ပိတ်ထားစမ်း ကျွန် မျိုးယုတ် !"

"ခင်ဗျား တော်တော်လွန်နေပြီ!"

မင်းထက် မိဖုရားနဲ့ မျက်နှာချင်းဆိုင်ကာ ပြန်အော်လိုက်သည်။ ကိုယ့်ထက် ရာထူးကြီးတာတွေမကြီးတာတွေ နားမလည် သူလို မိန်းမကို ဦးညွှတ်ချင်စိတ်မရှိ။ခပ်စူးစူးပဲပြန်ကြည့်ပေးလိုက်သည်။ သို့သော် မိဖုရားက မဲ့ပြုံးပြုံးကာ မင်းထက် နောက်မှာ ရပ်နေတဲ့ ရာဇထံ လျှောက်သွားပြီး

"ဘာမဟုတ်တဲ့ အထိန်းတော်ကို ကာကွယ်ပေးနေတဲ့ က်ိုယ်လုပ်တော် ကဉ္စနက စိတ်ဝင်စား စရာပဲနော် အရှင်... သူတို့နှစ်ယောက်မှာ ပူးပေါင်းကြံစည်မှုတွေရှိနေမလား ဒါမှမဟုတ် ဘယက်ကို ခိုးခိုင်းတဲ့ သူက ...."

ရာဇဝင်ထဲက FudanshiWhere stories live. Discover now