Ep-20(Unicode)

32.1K 4.1K 125
                                    



ညနေဆည်းဆာရောင် တဖြည်းဖြည်းမှိန်လာလေရာဇရဲ့ ရင်ထဲ လှိုင်းထန်လာလေဖြစ်သည်။ ကဉ္စနကို အခုထိမတွေ့သေး။ တစ်မြို့လုံးနီးပါး ပတ်ရှာနေသော်လည်း အရိပ်ယောင်တောင်မမြင်ပေ။

ရာဇ၊ဓညနဲ့ စစ်သူကြီးတို့ သုံးယောက်နေရာခွဲရှာကြပြီး ပြန်ဆုံသော်လည်း မျက်နှာမကောင်းစွာ အရှင်ဘုရင်အား မရဲမဝံ့လျှောက်တင်ရုံသာ။ ထိုအချိန် ချောင်းငယ်ဘေးက ခရမ်းရောင် ဝတ်ရုံလေးကို မြင်လိုက်တာကြောင့် ရာဇ မြင်းပေါ်ကနေ ချက်ချင်းပြေးဆင်းပြီး ချောင်းစပ်နားသို့သွားလေသည်။

"ကဉ္စန !"

လက်မောင်းရင်းကနေ ဆွဲလှည့်လိုက်တော့ မြင်ရတဲ့ မျက်နှာ​က ရာဇ ချစ်ရသူမဟုတ်။ သာမညရုပ်ရည်နှင့် လူတစ်ဦးသာ။ ဝတ်ရုံကိုသေချာကြည့်လိုက်ချိန် ရင်ဘတ်နားကဇာမနီရောင် ရွှေချည်ဟာ ကဉ္စန ဝတ်ရုံဆိုတာသေချာသည်။ ချက်ချင်းဓားကို ဆွဲထုတ်ကာ လည်ပင်းပိုတေ့လိုက်ပြီး

"ပြောစမ်း ... ဒီဝတ်ရုံကို ဘယ်ကရတာလဲ"

"အ... အရှင် ကျွန်တော်မျိုးကို မသတ်နဲ့ ကျွန်တော်မျိုးဘာမှ မသိရပါဘူး ချမ်းသာပေးပါ ..."

အရှင်ဘုရင် အဆောင်အယောင်နဲ့ထွက်လာသည်မို့ ဓားထောက်ထားတဲ့သူဟာ ဘုရင်ရာဇမှန်းသိတော့ ထိုလူမှာ ပြာပြာသလို ဒူးတုန်လို့နေသည်။

"မင်းကို ငါမေးတာ ဒီဝတ်ရုံဘယ်က ရတာလဲ ... ဖြေစမ်း မြန်မြန် "

"ကျွန်... ကျွန်တော်မျိုးရဲ့ မိခင်ဆီကို သ.. သခင်လေးတစ်ပါးက ရိုးရိုးအရပ်ဝတ်နဲ့ဒါကိုလဲသွားတာပါ။ အမေက ပြန်လာလဲရအောင်သိမ်းထားပေမယ့် ကျွန်တော်မျိုး ဒီလိုတန်ဖိုးကြီးတဲ့ဖဲသား တစ်ခါမှ မထိဖူးတာကြောင့် အမေမသိအောင် ခိုးယူပြီးဝတ်မိခြင်းပါအရှင် ..... ခွင့်လွတ်တော်မှုပါ "

ထိုလူအပြောကြောင့် ရာဇ မြင်းပေါ်ပြန်တက်လိုက်ပြီး ဘေးမှ ဓညနဲ့ စစ်သူကြီးဘက်လှည့်ကာ

"စစ်သူကြီးက နန်းတွင်းထဲက တပ်ကို ထပ်ခေါ်ခဲ့။ ဓည ... ကဉ္စနက အရပ်သားဝတ်စုံလဲသွားတယ် အဲ့ဒါကြောင့်ရှာလို့မတွေ့ဖြစ်နေတာ။ ရိုးရိုးသာမန်လူတွေထဲရော တစ်ယောက်မကျန် အကုန်လိုက်စစ်ပါ"

ရာဇဝင်ထဲက FudanshiWhere stories live. Discover now