Part ( 3 )

432 36 14
                                    

// Unicode //

အလုပ်သင်ဖြစ်ပြီး နှစ်ပတ်လောက်ကြာတဲ့အထိ ဘာမှ မယ်မယ်ရရမလုပ်ရတော့ လွမ်း စိတ်တိုလာသည်။ ဘာအလုပ်မှမလုပ်ရတာမျိုးမဟုတ်ဘဲ အလုပ်မဟုတ်တာ လုပ်နေရခြင်းသာ။
အလုပ် စဝင်ကတည်းက မိတ္တူဆွဲတာနဲ့ စာရွက်ဖြတ်တာသင်ပေးထားပြီး နှစ်ပတ်လုံး အဲ့တာကိုပဲ အလုပ်လို့ယူဆပြီး လုပ်နေရသည်။
လုပ်ငန်းနှင့် ပက်သက်တာ ဘာဆိုဘာမှ သင်မပေးသေးဘဲ တောက်တိုမယ်ရပဲခိုင်း‌နေတာကြောင့် လွမ်းအတွက် သက်သက်မဲ့ အချိန်လာဖြုန်းသလိုတောင်ဖြစ်နေသည်။
လွမ်းမှာ ဖြုန်းစရာအချိန်တွေ ပေါများနေတာမဟုတ်ဘူး.. လုပ်စရာရှိတာက လုပ်ကိုလုပ်ရမှာပဲဖြစ်သည်။
အဲ့တော့ အရင်ဆုံး HR ကို အလုပ်ပေးကြတာပေါ့...
လွမ်း ကိုယ့်အတွေးနှင့်ကိုယ် HR ရုံးခန်းဆီသွားလိုက်ပြီး ရုံးခန်းရှေ့ကစားပွဲမှာ ထိုင်နေတဲ့ သူဇာမိုးကို မေးလိုက်သည်။

"မသူဇာ...ကိုသစ်အားလား...ဧည့်သည်ရှိနေလား"

"ဧည့်သည်တော့မဟုတ်ဘူး မောင်လေး သူဌေးရောက်နေတာ...ကိစ္စရှိလို့လား"

"ဟုတ်တယ် အစ်မ...ကျွန်တော် ဝင်သွားလို့ရလား"

"အရေးကြီးလား...ခဏနော် အစ်မ မေးပေးမယ်"

"ဟုတ် အစ်မ"

သူဇာ‌မိုး အမေးကို လွမ်းက ခေါင်းငြိမ့်ဖြေပေးရင်း ရပ်စောင့်နေလိုက်သည်။ခဏနေတော့

"ရပြီ မောင်လေး ဝင်သွားလိုက်တော့"

သူဇာမိုးအပြောကြောင့် လွမ်းလည်း တံခါးခေါက်၍ ရုံးခန်းထဲဝင်လိုက်သည်။

ကိုသစ်ကိုပဲ အလုပ်ပေးဖို့လာခဲ့ပေမဲ့ သူဌေးလည်းရှိနေတယ်ဆိုတော့ အဆင်ပြေသွားတာပေါ့...ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ကြမယ်။

သူဝင်လာတော့ သူဌေးက ဧည့်သည်သီးသန့်ထိုင်ခုံမှာ တံခါးပေါက်ကိုကျောပေးထိုင်နေပြီး တစ်ခုခုဖတ်နေပုံရသည်။

"‌ဪ..လွမ်းတာရာပဲ လာ ညီ ထိုင်ဦး"

ကိုသစ်က ခေါ်လိုက်တော့ လွမ်းလည်း ကိုသစ်စားပွဲရှေ့က ခုံမှာဝင်ထိုင်လိုက်ပြီး

"ဟုတ် ကိုသစ်"

"ကဲ ပြော...ဘာကိစ္စရှိလို့လဲ"

Passionate LOVE (Complete)Where stories live. Discover now