Part ( 29 )

231 14 6
                                    

// Unicode //

နေကုဋေဘက်က လက်ခံပြီးတာနဲ့ အလင်းသစ် သူ့သူဌေးအငယ်လေးဆီ ဖုန်းခေါ်လိုက်သည်။

"သူဌေး...နေကုဋေဘက်က လက်ခံတယ် ရှယ်ယာဝင်မဲ့ ကိစ္စကို လုံးဝသံသယမဖြစ်ဘူး"

"ကောင်းပြီ ကိုလင်း ဘဏ်အကောင့် စစ်ကြည့်လိုက်အုံး နောက်ပိုင်း သူနဲ့လုပ်ရမဲ့ ကိစ္စတွေလည်း ကိုလင်းပဲ နာမည်ခံပြီး ဆက်လုပ်ပေးပါ"

"စိတ်ချပါ သူဌေး သူမသိစေရပါဘူး"

သူဌေးအငယ်လေးကို ဝမ်းသာအားရဖုန်းဆက်ပြီး သတင်းပေးပေမဲ့ သူ့ သူဌေးလေးက‌တော့ အရမ်းကို ပင်ပန်းနွမ်းနယ်နေတဲ့ပုံနဲ့ ပြန်ပြောနေခဲ့တာပဲ။
အင်အားကြီးသူတွေရဲ့ကြားက အားပြိုင်မှုကို အလင်းသစ်လည်း နားမလည်တောချေ။ အစက‌တော့သူပဲ နေကုဋေ့ကို စီးပွားရေးလောက ကနေ ပျောက်သွားအောင်ပါ နင်းချေခဲ့ပြီး အခုတော့လည်း ရက်စက်ခဲ့တာက သူမဟုတ်သလို နေကုဋေ လိုအပ်တဲ့ အကူအညီကို ပေးဖို့ အဆင်သင့် ဖြစ်နေပြန်ပြီ။

ဘာပဲဖြစ်ဖြစ် အလင်းသစ်တို့လို တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်တွေမှာ‌တော့ သူတို့ကြား ကြားမညှပ်အောင်သာ ကြည့်နေရသည်။

...

...

...

မြေကွက်လာကြည့်မဲ့ကိစ္စကို ကြိုပြီးဖုန်းဆက်ထားတာမို့ နေ ရောက်သွားတော့ မြေပိုင်ရှင်က စောင့်နေသည်။ မြေကွက်ပိုင်ရှင်နဲ့ စကားပြောနေတုန်းမှာပဲ သိလိုက်ရတာက ဒီမြေကွက်ကို နောက်ထပ်လာကြည့်ဖို့တွေ ရှိနေသေးတယ် ဆိုတာပင်။

"ဈေး နည်းနည်း ညှိပေးပါအုံး ကိုစိုးမိုး သိန်း ၁၅၀၀ က အရမ်းများလွန်းတယ်"

"မများပါဘူး ကိုနေကုဋေရာ ဒီနေရာက အကွက်အကွင်းကောင်းလို့ ဝယ်လက်တွေ တန်းစီနေတာဗျ ကျုပ်က ခင်များမို့လို့ ဒီဈေးနဲ့ လုပ်ပေးတာ ဒါတောင် ကျုပ်သူဌေးကို တော်တော်ပြောယူရအုံးမှာ"

နေနဲ့ ကိုစိုးမိုး အချေအတင်ပြောနေတုန်းမှာပဲ သူတို့နဲ့ မလှမ်းမကမ်းမှာ ကား တစ်စီးထိုး ရပ်သွားပြီး ကားပေါ်က လူတစ်ယောက် ဆင်းလာသည်။
ထိုသူက အညိုရောင် ခပ်ဖျော့ဖျော့ ဆံနွယ်တွေကို နောက်သို့လှန်ဖီးထားသော်လည်း အနည်းငယ်က နဖူးပေါ် တစ်စစီဝဲကျနေသည်။ ဝတ်ထားတဲ့ ကြက်သွေးရောင် Shirt လက်ရှည်က ဖြူဝင်းနေတဲ့ သူ့ အသားအရေကို ပိုမိုတောက်ပစေသလားတောင် ထင်ရအောင် လင်းလက်နေသည်။
တပ်ထားတဲ့ Sunglass ကို ချွတ်ပြီး သူတို့ဆီကို တစ်လှမ်းချင်း လှမ်းလာနေပုံက မျက်စိမလွှဲချင်လောက်အောင် စွဲဆောင်မှုရှိလွန်းနေသည်။
အတိအကျပြောရလျှင် ထိုသူက သူ့၏ လွမ်းငယ်သာ...

Passionate LOVE (Complete)Where stories live. Discover now