Part ( 11 )

216 15 2
                                    

// Unicode //

[Warning !
This chapter may include adult scene and sexual content. Read at your own risk!]


တည်းခိုခန်းသွားဖို့ စဉ်းစားပြီးတော့မှ မနက်က ရုံကထွက်လာတုန်းက သူ့မှာ ပိုက်ဆံအများကြီး ပါမလာတာကို သတိရသည်။ ပါလာတဲ့ ပိုက်ဆံတွေကလည်း လက်ဆောင်ပစ္စည်းဝယ်ဖို့သုံးလိုက်တော့ ကုန်သလောက်ရှိနေပြီ။ ထိုစဉ် မိုးကလည်း တဖွဲဖွဲစတင် ရွာသွန်းလာသည်။ နောက်ပြီးတော့ လွမ်းအကျင့်ကလည်း ကိုယ့်အိတ်ထဲမှာ ပိုက်ဆံ အလုံအလောက်မရှိရင် ဘယ်ကိုမှသွားဖို့ ယုံကြည်ချက်မရှိတာကြောင့် မိုးရွာနေပေမဲ့ တည်းခိုခန်းမသွားတော့ဘဲ ကားမှတ်တိုင်မှာသာ ရပ်နေမိသည်။ မိုးရွာလာတာနဲ့ မှတ်တိုင်မှာ ဈေးရောင်းနေတဲ့ လူတွေရော၊ တက္ကဆီသမားတွေပါ အိမ်ပြန်ကြပုံရကာ တဖြည်းဖြည်းလူနည်းလာပြီး နောက်ဆုံး မှတ်တိုင်မှာ လွမ်းတစ်ယောက်သာ ကျန်ခဲ့တော့သည်။

"ဟင်း...ကံဆိုးမသွားရာမဟုတ်ဘဲ အခုတော့ ကံဆိုးထီးသွားရာ မိုးလိုက်လို့ရွာဖြစ်နေပြီ...ဟူး"

လက်ထဲမှာ ပိုက်ဆံလည်း အလုံအလောက်မရှိ၊ ဖုန်းဆက်ဖို့ ကြည်တော့လည်း ဘတ်ထရီက 1% သာ ကျန်တော့သည်။ ခုချိန်မှာ ရူးရူးမိုက်မိုက်နဲ့ သူ့ကံကြမ္မာကို လောင်းကြေးထပ်ကြည့်သင့်လား။ သေချာမစဉ်းစားရသေးခင်မှာပဲ ဖုန်းက ခေါ်ပြီးနေပြီဖြစ်သည်။

"ဟယ်လို လွမ်းတာရာ"

သူဘာမှ ပြန်မပြောနိုင်သေးဘဲ တုန့်ဆိုင်းနေစဉ်မှာတင် တစ်ဖက်လူထံမှ အသံထပ် ထွက်လာပြန်သည်။

"လွမ်းတာရာ... ဟယ်လို... Survey သွားကောက်တယ်ဆို ပြန်ရောက်နေပြီလား၊ ဘာကိစ္စရှိလို့ ကိုယ့်ဆီ ဖုန်းဆက်တာလဲ"

"သူဌေး... ကျွန်တော်...ပြန်လို့မရတော့ဘူး၊ ဒုက္ခ..."

လွမ်းပြောလို့မှ မဆုံးသေး နဂိုကတည်းက အားမရှိတော့တဲ့ ဖုန်းက စက်ပိတ်သွားသည်။

'ရူးလိုက်တာ... အကူအညီ လိုနေတဲ့အချိန်မှာ အသက်ငင်နေတဲ့ ဖုန်းအားနဲ့ ဘယ်သူ့ဆီ ဆက်လိုက်မိတာလဲကွာ...ဟူး.'

တကယ်ဆို ခုချိန်မှာ သူဖုန်းဆက်သင့်ဆုံးလူက ကိုကြီးဆိုတာ သိရဲ့သားနဲ့ ဘာလိုများ အဲ့ဒီလူဆီကို ဆက်လိုက်ရတာလဲ။ ခုတော့ သွားပါပြီကွာ...

Passionate LOVE (Complete)Where stories live. Discover now