Part ( 8 )

239 17 1
                                    

// Unicode //

အစက ဆေးခန်းပြရုံပဲလို့ ထင်ထားပေမဲ့ လွမ်း အခြေအနေက အစာအိမ်ရောင်တာနှင့် အစာစားလို့မရသေးတာအကြောင်းပြုပြီး ဆေးရုံတက်လိုက်ရသည်။
ပုဂ္ဂလိကဆေးရုံတစ်ခု၏ အခန်းထဲတွင် ဆေးပုလင်းကြီးချိတ်ထားတဲလွမ်းက ကုတင်ကို ၃၀ ဒီဂရီလောက် ခေါင်းရင်းမြှင့်၍ လဲလျောင်းနေပြီး နေ က တော့ လူနာစောင့်ထိုင်ရန် ပေးထားသော ဆိုဖာတွင် အေးအေးလူလူ ထိုင်ရင်း ဖုန်းသုံးနေသည်။ ကုတင်ဘေးက စားပွဲသေးလေးပေါ်တွင်လည်း ထပ်သွင်းရမည့် ဆေးပုလင်းများရှိနေသေးသည်။

တစ်စက်စက်ကျနေသော ဆေးပိုက်မှတစ်ဆင့် သွေးကြောထဲသို့ စီးဝင်သွားသော ဆေးစက်များကို ကြည့်ရင်း လွမ်း စကားစလိုက်သည်။

"သူဌေး သွားစရာရှိသေးတယ်ဆို ... သွားတော့လေ"

သူ့ဆီက အသံထွက်လာတော့ နေက ထိုင်နေရာမှ ထမလာဘဲ သူရှိရာဘက် လှည့်ကြည့်ကာ

"အင်း ... ကိုယ် သွားရင် မင်း ကို ဘယ်သူစောင့်ပေးမှာလဲ ... မင်း အိမ်က တစ်ယောက်ယောက်ကို ခေါ်လိုက်လို့ အဆင်ပြေလား"

"ဟို... ကျွန်တော်က တစ်ယောက်ထဲလည်း အဆင်ပြေပါတယ် ... တစ်ခုခုလိုရင် ဒီ call bell တီး လိုက်မယ်လေ"

"ဘာလို့လဲ မင်း အိမ်က လာစောင့်ပေးနိုင်တဲ့သူ မရှိဘူးလား"

"ကျွန်တော်က ... တစ်ယောက်ထဲ နေတာ"

နေ မေးလိုက်ခါမှ အစက သူ့ကိုကြည့်ပြီး ပြန်ဖြေနေသော ‌ကောင်လေးက ညိုးငယ်နေသောမျက်ဝန်းများကို ဟိုလွှဲ ဒီလွှဲဖြင့် တိုးတိမ်စွာ ဖြေလာသည်။ မျက်မှန်နဲ့မြင်နေကြမို့လား မသိ မျက်မှန်မပါသော မျက်နှာလေးက တစ်မျိုးဖြစ်နေသလိုပင်။ အသားဖြူသူမို့ ပါးပြင်များက ဖျားသွေးကြောင့်အနည်းငယ် နီရဲနေပြီး ခြောက်သွေ့‌နေသော နှုတ်ခမ်းပါးများနှင့်ခြံရံထားတဲ့ မျက်နှာလေးမှာ ရှင်းလင်းပြီး ပိုမိုနုသစ်နေသယောင်။

'ဒီကောင်လေးက မျက်မှန်မပါဘဲနဲ့ ပိုကြည့်ကောင်းတာကို ဘာလို့များ အဖိုးကြီးအိုလေးလို အမြဲမျက်မှန်တပ်ထားရတာလဲ မသိဘူး'

လွမ်းကို ကြည့်ကာ အတွေးလွန်နေသော နေ က လွမ်း ဆက်ပြောလာသော စကားကြောင့် ဘာဆက်ပြောရမှန်း မသိဘဲ ခဏ တိတ်ဆိတ်သွားသည်။ ခဏအကြာမှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး

Passionate LOVE (Complete)Where stories live. Discover now