Part ( 19 )

194 14 1
                                    

// Unicode //

ကုမ္မဏီညစာစားပွဲကို သူ ရောက်တော့ လူစုံသလောက်နီးပါးရှိနေပြီ ဖြစ်သည်။ မြင်နေရသမျှက သိတဲ့သူတွေရော မသိတဲ့သူတွေရောဖြစ်နေပြီး ဘယ်ဝိုင်းသွားထိုင်ရမှန်းမသိဖြစ်နေစဉ်

"ဟယ်... လွမ်း ကြည့်ပါအုံး ဒီလိုကျတော့လည်း တို့မောင်လေးက ချောလိုက်တာ"

Evening Dress နဲ့ လှနေတဲ့ မဇူးက သူ့လက်ကို လှမ်းဆွဲရင်း အံဩတကြီး ပြောနေသည်။

"အဟား မဇူးကတော့ လုပ်ပြီ ဘာလဲ မျက်မှန်မပါလို့ ကြည့်ကောင်းနေတာလား"

"အေးဟဲ့ နင်က မျက်မှန်မတပ်ထား တော်တော်လေး ကြည့်ကောင်းတာပဲ"

"ရပြီ ရပြီ မဇူး ဘာစားချင်လဲ ကျွန်တော်သွားယူပေးမယ်"

ဘူဖေးစနစ်ဖြစ်တာကြောင့် စားစရာတွေတင်ထားတဲ့ စားပွဲတွေဘက်ညွှန်ပြရင်းမေးလိုက်တော့

"အမလေး ကျုပ်က ကိုယ်စားဖို့ကို ယူပြီးသားပါနော် ရှင့်ဟာရှင် စားချင်တာသွားယူ...ဟိုဘက်မှာ ငါတို့စားပွဲ အဲ့ကိုလာခဲ့"

"ဟုတ်ပါပြီဗျာ"

မဇူးကိုပြောပြီးတာနဲ့ စားစရာတွေထားတဲ့ဆီသွားကာ စားချင်တာတွေပဲ ရွေးထည့်နေစဉ် အနံ့အသက်တွေ အများကြီးကြားမှ ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့နဲ့အတူ စကားသံကိုပါ နီးနီးကပ်ကပ် တဆက်တည်းကြားရသည်။

"နောက်ကျတယ်နော် လွမ်းငယ်"

ဘေးမှာ လာရပ်ရင်း သူ့ဘက်ကိုလှည့်မကြည့်ဘဲ စားစရာတွေထည့်ရင်း ပြောနေသူကြောင့်

"ဟုတ် ... ကျွန်တော် အိပ်ပျော်သွားလို့"

"ဖျားတော့မှာပဲ"

"မဖျားပါဘူးဗျာ"

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်လှည့်မကြည့်ဘဲ စကားပြောနေစဉ်

"ကိုနေ သံစဉ် အချိုပွဲစားချင်လို့"

"ဪ.. ကိုယ်ယူခဲ့ပေးမယ်လေ ဟိုကပဲစောင့်တာမဟုတ်ဘူး"

"အင်းပါ .... သံစဉ်က လူကြီးတွေနဲ့ ထိုင်နေရတာ ပျင်းလာလို့လေ...ကိုနေက ကြာနေတာကိုး"

"ပြီးပါပြီ သွားရအောင်လေ"

အခုလေးတင်ပဲ သူ့ကို နှစ်လိုစွာ စကားပြောနေခဲ့တဲ့ ထိုသူဟာ ခုတော့ နှုတ်ဆက်စကားတစ်ခွန်းတောင် ဆိုဖော်မရဘဲ လာခေါ်တဲ့ အမျိုးသမီးကလေးနောက်ကို ကြည်ဖြူစွာ လိုက်သွားတော့သည်။

Passionate LOVE (Complete)Where stories live. Discover now