Part ( 14 )

206 13 0
                                    

// Unicode //

မိသားစုသုံးယောက်ပဲရှိတဲ့ မနက်စာ စားပွဲဝိုင်းက ထုံးစံအတိုင်း တိတ်ဆိတ်နေသည်။ ကျောင်းသားဘဝက တစ်ချိန်လုံး အိပ်ရာနောက်ကျမှ ထ တတ်တဲ့ နေ ကလည်း လုပ်ငန်းရှင်ဖြစ်လာတဲ့ အခါ နေချင်သလိုနေလို့ မရတော့ဘဲ စည်းကမ်းဘောင်ထဲမှာသာ နေရတော့သည်။

ရုံးချိန်ကလည်းလိုနေသေးတာကြောင့် မနက်စာ စားနေတဲ့ နေက သူ့ကိုစေ့စေ့ကြည့်နေတဲ့ ဦးနေမင်းသာကို အာရုံမရ။ စားစရာရှိတာကိုသာ အေးအေးဆေးဆေး စားနေစဉ် သူနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ မာမီက

"မနက်ဖြန်ကျရင် နွေဦးသံစဉ်နဲ့ တွေ့ဖို့စီစဉ်ပေးထားတယ် သား၊ စနေနေ့ ဆိုတော့ သား အဆင်ပြေတဲ့အချိန် သွားတွေ့လိုက်"

နွေဦးသံစဉ်ဆိုတာ စီးပွားရေးလောကမှာ နာမည်ကြီး ဇေယျာကုမ္မဏီ၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး သူမကိုယ်တိုင်ကလည်း နာမည်ကြီး ဒီဇိုင်နာဖြစ်သည်။ သူမအဖေနဲ့ နေ့ ဒယ်ဒီက စီးပွားဘက်တွေဖြစ်ပြီး မာမီကတော့ သူမဆွဲပေးတဲ့ ဒီဇိုင်ကိုသာ ဝတ်ဆင်တဲ့ သူမရဲ့အမာခံပရိတ်သတ်ဖြစ်သည်။

"ဘာအတွက်လဲ မာမီ"

တကယ်ဆို ဘာအတွက်သွားတွေ့ခိုင်းတယ်ဆိုတာ နေ သိသိကြီးနဲ့ မသိချင်ယောင်ဆောင်၍ မေးလိုက်တာဖြစ်သည်။ ဒါပေမဲ့ ပြန်ဖြေလာတာက မာမီမဟုတ်ဘဲ ဒယ်ဒီဖြစ်သွားရုံသာ ပြောင်းလဲသွားပြီး နေ သိထားပြီးသား အဖြေကတော့ ပြောင်းလဲသွားတာမျိုးမဟုတ်ပေ။

"ဘာအတွက်ဖြစ်ရမှာလဲ နေကုဋေ၊ မင်းနဲ့အဲ့ဒီမိန်းကလေးနဲ့ စေ့စပ်ဖို့အတွက်ပေါ့၊ မစေ့စပ်ခင် မိန်းကလေးနဲ့ တွေ့ထားသင့်တာမလို့ အချိန်တစ်ခုစီစဉ်ပြီး သွားတွေ့လိုက်"

"ကျွန်တော် မစေ့စပ်ချင်သေးဘူး"

"မရဘူး သား၊ အခုတောင် မာမီတို့လုပ်ငန်းတွေက တဖြည်းဖြည်း လည်ပတ်နိုင်အားကျနေတာ၊ သား အဲ့ဒီ့မိန်းကလေးနဲ့ အမြန်ဆုံး စေ့စပ်ပြီး လက်ထပ်မှ ရမယ်၊ အဲ့တာမှ သားအတွက်ရော မာမီတို့အတွက်ရော အဆင်ပြေမှာ"

"မစေ့စပ်ချင်ရင် တခါတည်း လက်ထပ်လိုက် နေကုဋေ၊ ငါ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး"

Passionate LOVE (Complete)Where stories live. Discover now