Part ( 4 )

648 40 9
                                    

// Unicode //

"ရပြီ ဦးအောင် ဒီနားမှာပဲ ဆင်းလိုက်မယ်"

ကြယ်စင်က ပြောလည်းပြော ကားကိုလည်း ကျောင်းနှင့်မလှမ်းမကမ်းတွင် ရပ်ခိုင်းလိုက်သည်။ ကားရပ်တာနှင့် ပါလာသမျှ ထမင်းချိုင့်တွေ ထီးတွေ ရေဗူးတွေကို မနိုင်မနင်းကိုင်ပြီး ဆင်းကာ ဟိုကြည့် ဒီကြည့် လုပ်လိုက်ပြီး မည်သူမှမမြင်တာနှင့် ကျောင်းထဲသို့ ဝင်သွားတော့သည်။

ထီးကတော့ နေ့လယ် ဟိုဟိုဒီဒီသွားလို့ နေပူလျှင် ထုတ်ဆောင်းရန်ဖြစ်ပြီး ထမင်းချိုင့်ကတော့ အိမ်က မွေးသမိခင်အမှာစကားကြောင့် ထမင်းချက် အဒေါ်ကြီးထည့်ပေးလိုက်တာဖြစ်သည်။ ငယ်စဉ်ကတည်းက ချူချာတဲ့ ကြယ်စင်က တက္ကသိုလ်တက်တာတောင် တစ်ယောက်တည်းလွတ်လွတ်လပ်လပ်တတ်ခွင့်ရဖို့ မိခင်ဖြစ်သူနှင့် စစ်တိုက်သလို ပြောယူထားရတာဖြစ်သည်။

ကြယ်စင်တို့အိမ်မှာ ဖေဖေနှင့်မေမေ အိမ်ထောင်ကွဲပြီးကတည်းက မေမေကသာ ဩဇာညောင်းခဲ့သည်။ တောင်ကြီးဇာတိဖြစ်သော မေမေက ဖေဖေနှင့် အိမ်ထောင်ကျပြီးမှ ရန်ကုန်မှာ အခြေချတာ ဖြစ်သောကြောင့် အဖိုးအဖွားတို့ကလည်း တစ်ခါတလေသာ အလည်လာတတ်သည်။
များသောအားဖြင့် အိမ်မှာ ကြယ်စင်အပြင် ညီငယ်နှင့် ခေါ်ထားသည့် ထမင်းချက်အဒေါ်ကြီး၊ Driver ဦးအောင်သာရှိတတ်သည်။ မေမေက တစ်နေကုန် မိုးလင်းကမိုးချုပ် ကုမ္မဏီသွားနေပြီး ညစာစားချိန်မှသာ သူတို့မိသားစု သုံးယောက် စုံကြသည်။ လူစုံလျှင်တော့ တစ်နေ့တာဖြစ်ပျက်သမျှကို သူ‌ရော ညီငယ်ရော နှစ်ယောက်လုံး မေမေ့ကို ပြောပြရသည်။
ထိုအချိန်မျိုးတွင် မေမေ့ဆုံးမစကားကိုလည်း နားနှင့်မဆန့်အောင်ကြားရသည်။
သူသားတွေက "မိခင်တစ်ယောက်တည်း၏ အုပ်ထိန်းမှုဖြင့် အစစအရာရာ အဆင်ပြေစေရမည်။ အချိန်တန်လျှင် မည်သူမျှမော်မကြည့်နိုင်သောနေရာတွင် ရပ်တည်နိုင်ရမည်"ဆိုသည်မှာ မေမေ့လက်သုံးစကားဖြစ်သောကြောင့် သူတို့ညီအစ်ကိုနှစ်ယောက်လုံး အလွတ်ရနေပြီဖြစ်သည်။
မေမေဘယ်လိုပဲပြောပြော ကြယ်စင်ကတော့ ထိုဘဝကို မမက်မောပါချေ။ ပိုက်ဆံတွေချမ်းသာ ဂုဏ်ပကာသနတွေကြီးမားပြီး ချစ်ရတဲ့သူတွေက အနားမှာမရှိတော့လျှင် ဘာများ မက်မောစရာရှိတော့မှာလဲ။
တစ်နေ့ တစ်နေ့ "ငါလုပ်နိုင်တယ် ငါ့တစ်ယောက်တည်းရပ်တည်နိုင်တယ်" ဆိုတဲ့ မာနတံခွန်ကို အလံထူထားသည့် မေမေ့ကိုကြည့်ရတာနဲ့တင် ပူလောင်နေတာ သူကတော့ ဘယ်လိုမှ သဘောမကျပေ။
ကြယ်စင်ကသာ ထိုဘဝကိုမမက်မောသော်လည်း အသက် ၁၅ နှစ်သာရှိသေးသည့် ညီငယ်ကတော့ မေမေ့ဆုံးမစကားတွေတိုင်းကို အထင်ကြီးလေးစားသော မျက်ဝန်းတွေနှင့် ငေးကြည့် နားထောင်နေတတ်သည်။ ဖခင်နှင့် အကြာကြီးအတူမနေခဲ့ရသော ညီငယ်အဖို့ မိခင်ကသာ ဘုရားလိုကိုးကွယ်ရာဖြစ်ခဲ့သည်။ မေမေ့ကို ဘာမှမဝေဖန်လိုသော်လည်း ညီငယ်ကိုတော့ အတွေးမှား သွားမှာ ကြယ်စင် သိပ်စိတ်ပူပါသည်။
.
.
.

Passionate LOVE (Complete)Where stories live. Discover now