Part ( 16 )

195 17 0
                                    

// Unicode //

[Warning !
This chapter may include adult scene and sexual content. Read at your own risk!]

ကစားကွင်းကအပြန် Movie date မည့် အစီအစဉ်ကြောင့် လွမ်းနေတဲ့ တိုက်ခန်းအပြန် လမ်းပေါ်က Mini Mart မှာ မုန့်နည်းနည်း ဝင်ဝယ်လိုက်ကြသည်။

"ရုပ်ရှင်ကြည့်ရင်းနဲ့ ဘာစားချင်လဲ လွမ်းငယ်"

"အွန်း...နေကြာစေ့ စားချင်တယ် ပြီးတော့ ဝေဖာ...ချောကလက်ဝေဖာ"

"ဒါပဲလား"

"အချဉ်ထုပ်ရောပဲ... အာ နေကြာစေ့ မယူတော့ဘူ ကျွန်တော် အခွံနွှာရမှာ ပျင်းတယ်"

လိုချင်တာတွေ တစ်ခုပြီး တစ်ခု ကောက်ထည့်ရင်း လွမ်းက ပါးစပ်လည်း အငြိမ်မနေ၊ ပေါက်ပေါက်ဖောက်နေသည်။

"ကိုယ် နွှာပေးပါမှာပေါ့ လွမ်းငယ်ရဲ့ ယူခဲ့လေ"

သူ့စကားကြောင့် ချထားပြီးသား နေ့ကြာစေ့ထုတ်ကို ခြင်းထဲပြန်ကောက်ထည့်လိုက်တဲ့ လွမ်းကိုကြည့်ပြီး နေ့မှာ သဘောကျလို့မဆုံး။

သူ့မှာ ဒီကောင်လေးကို ချစ်လိုက်ရတာ...

အစက ရုပ်ရှင်ကြည့်မလို့စဉ်းစားလိုက်ပေမဲ့ လူရှုပ်ရှုပ် ရှုပ်ရှုပ်ကို မကြိုက်တဲ့လွမ်းက သူ့တိုက်ခန်းမှာပဲ Movie Date ဖို့ အဆိုပြုသည်။ အဲ့တော့ လွမ်းနေတဲ့နေရာကို ရောက်ဖူးချင်နေတဲ့ နေက နှစ်ခါစဉ်းစားစရာတောင်မလိုပဲ လက်ခံလိုက်တာကြောင့် အစီအစဉ်က အထမြောက်သွားသည်။ တိုက်ခန်းအောက်ရောက်လို့ကားရပ်တော့ လွမ်းက

"သူဌေး... ဒီမှာ ခဏစောင့်အုံး နောက် ဆယ်ငါးမိနစ်လောက်နေမှ တက်ခဲ့"

"အမ် ... ဘာဖြစ်လို့လဲ လွမ်းငယ်ရဲ့"

"ဟို...ကျွန်တော့် အခန်းက ရှုပ်ပွနေလို့ နည်းနည်း ရှင်းလိုက်အုံးမယ် တော်ကြာ သူဌေး စိတ်ပျက်သွားအုံးမယ်"

"ဟား ဟား မဟုတ်တာ လွမ်းငယ်ရာ ကိုယ်က ဘာလို့စိတ်ပျက်ရမှာလဲ လာပါ ရှုပ်နေရင် ကိုယ်ပါ ဝိုင်းရှင်းပေးမှာပေါ့"

ပြောပြီး နေက ကားတံခါးဖွင့် ဆင်းသွားတာကြောင့် လွမ်းကပါ နောက်ကနေ လိုက်ဆင်းလာရင်း

Passionate LOVE (Complete)Where stories live. Discover now