Part ( 12 )

226 14 1
                                    

// Unicode //

ဒီနေ့က သက်ပိုင်အတွက် ပြဿဒါးဖြစ်ပုံရသည်။ ရုံးရောက်ကတည်းက ဟိုဌာနက ပြဿနာရှာလိုက် ဒီဌာနက ပြဿနာရှာလိုက်နဲ့ သူပဲပတ်ပြီး ပြဿနာရှာခံနေရတာဖြစ်သည်။ ခုလည်း သူဌေးက ခေါ်ဆူနေပြန်ပြီ။

"မင်းကို အဲဒီ့နေ့က ငါ သေချာမပြောလိုက်မိလို့လား သက်ပိုင်၊ အလုပ်သင်နဲ့ မလွှဲလိုက်နော်၊ Project run မယ့်ထဲက စေ့စပ်သေချာတဲ့ ဝန်ထမ်းနှစ်ယောက်ကို ကောက်ခိုင်းလိုက်လို့ငါမပြောလိုက်ဘူးလား"

"ပြောလိုက်ပါတယ်သူဌေး"

"ဒါဆို ဘာဖြစ်လို့ အလုပ်သင်ကို လွှတ်လိုက်ရတာလဲ၊ Survey ကောက်တာ အလုပ်သင်ကို ကောက်ခိုင်းတော့ တကယ် project run မယ့် မင်းဝန်ထမ်းတွေက ဘာလုပ်ကြမှာလဲ..."

"အဲ့နေ့က သူဌေးပြောတာ ကျွန်တော် နားကြားမှားသွားလို့ပါ။ နောက်မဖြစ်စေရပါဘူး"

"ကျစ်... ပြောလိုက်ရင် အဲ့တိုင်းပဲ၊ လုပ်ရင်တော့ သောက်တလွဲတွေလုပ်... ရပြီ၊ ရပြီ .. သွားတော့"

သွားလို့ရပြီ ပြောတာနဲ့ သက်ပိုင်တစ်ယောက် မပြေးရုံတမယ် ခြေလှမ်းများနဲ့ သူ့ရုံးခန်းထဲက ထွက်သွားတော့သည်။

'ဟင်း..တတ်လည်းတတ်နိုင်တဲ့ကောင်'

သက်ပိုင်ကို စိတ်ရှိလက်ရှိဆူပြီးတာတောင် နေ့ စိတ်ထဲမှာ ဘဝင်မကျသေး၊ တကယ်လို့များ မနေ့က သူသာ လိုက်မသွားခဲ့ဘူးဆိုရင် လွမ်း ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ။ ဘယ်လောက်တောင် ကြောက်နေလိမ့်မလဲ။

'ဟင်း....'

ပြီးတော့ လွမ်းကိုလည်း နေ့လယ်မှ ရုံးလာတက်ခိုင်းထားတာကြောင့် ခုထိ မမြင်ရသေး။ အဲ့ကောင်လေးဆိုသည်မှာလည်း မနေ့ညကတော့ နေ့ကို သူ့စိတ်ကြိုက် လုပ်ချင်တာလုပ်သွားပြီး ဒီမနက်မှ ရှက်နေလိုက်တာများ သူ့တိုက်ခန်း ပြန်လိုက်ပို့ပေးတာတောင် လူကို ကျေးဇူးတင်စကားပြောဖော်မရဘဲ အတင်းနှင်လွှတ်လိုက်သည်။

'ခုချိန်လောက်ဆို ရောက်လောက်ပြီလား မသိဘူး'

ရောက်လောက်ပြီလားဆိုတဲ့ စိတ်နဲ့ အစက BDM ဘက်သွားကြည့်ဖို့ စိတ်ကူးလိုက်သော်လည်း ဒီအချိန်က လွမ်း ကော်ဖီသောက်တတ်တဲ့ အချိန်ဖြစ်နေမှန်းသတိရတော့ ဝန်ထမ်းတွေအတွက် သီးသန့်စီစဉ်ပေးထားတဲ့ mini kitchen ဘက်သို့သာ ခြေဦးလှည့်လိုက်သည်။ နေ ရောက်သွားတော့ ထင်တဲ့အတိုင်း ကော်ဖီဖျော်နေတဲ့ ကောင်လေးကိုတွေ့ရသည်။ ရုတ်တရက် စ ချင်လာတာကြောင့် ထိုကောင်လေးနောက်ကနေ ကော်ဖီဖျော်နေတဲ့ စားပွဲပေါ် လက်ထောက်ရပ်လိုက်ပြီး ပါးလျလျ နားရွက်ဖျားနားကပ်၍

Passionate LOVE (Complete)Where stories live. Discover now