Part ( 13 )

212 16 2
                                    

// Unicode //

နောက်သို့လဲကျပြီဟု ထင်လိုက်သော်လည်း အမှန်တကယ် လွမ်း လဲကျသွားသည်မှာ နွေးထွေးသော ရင်ခွင်တစ်ခုထဲသို့ဖြစ်သည်။

"လွမ်းငယ်"

ရင်းနှီးနေပြီးသောအသံကြောင့် မော့ကြည့်လိုက်တော့ သူ့ကို စိုးရိမ်တကြီးကြည့်နေသော နေကုဋေ။ သူနဲ့အတူ ကိုသစ်လည်းပါလာတော့ ရုတ်ရုတ်သည်းသည်းဖြစ်နေတဲ့ ကန်တင်းတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားပြီး

"ဘာတွေဖြစ်နေကြတာလဲ"

အစကတည်းက အနေတည်တဲ့ သူဌေးကိုကြောက်ရတဲ့ ဝန်ထမ်းတစ်စု ထိုအခါမှ သတိဝင်ပြီး လှုပ်လှုပ်ရှားရှားဖြစ်ကာ မမိုးက

"ဒီလိုပါ သူဌေး လွမ်းတာရာကအရင်..."

မမိုးစကားမဆုံးခင် နေက လက်ကာပြလိုက်ပြီး

"တော်တော့... ကိုသစ် သူတို့ကို ဘာဖြစ်တာလဲ မေးပြီး ထိုက်သင့်တဲ့ အပြစ်ပေးလိုက်ပါ ... လွမ်းတာရာ မင်းနဲ့က နောက်မှ ကိစ္စရှင်းမယ် ဆေးအရင် သွားထည့်လိုက်"

"ဟုတ်ကဲ့ သူဌေး"

နေ ပြောပြီးတာနှင့် လွမ်းက ဘယ်သူ့မှမကြည့်ဘဲ အရင်ထွက်လာလိုက်သည်။ သို့သော် သူ့နောက်မှ ခြေသံတဖျတ်ဖျတ်ကိုကြားလိုက်ရပြီး လက်ကောက်ဝတ်မှ ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။

"သူဌေး... ဘယ်သွားမှာလဲ ကျွန်တော် ဆေးသွားထည့်မလို့ပါဆို"

"ကိုယ် သိတယ်"

နောက်ထပ် ဘာစကားမှ မပြောဘဲ ဆွဲခေါ်လာလိုက်တာ ၁၂ လွှာက သူ့ ရုံးခန်းထဲရောက်သည်အထိပင်။
ရုံးခန်းထဲရောက်သည်နှင့် လွမ်းကို ထိုင်ခုံမှာ ထိုင်ခိုင်းပြီး သူက ဆေး‌သေတ္တာသွားယူကာ ဆေးထည့်ပေးသည်။

"အရမ်းနာနေလား"

ပေါက်သွားတဲ့ နှုတ်ခမ်ထောင့်စွန်းလေးကို ဆေးရည်သုတ်ထားတဲ့ ဂွမ်းစလေးနဲ့ ဆေးထည့်ပေးရင်း နေ မေးလိုက်သည်။
လွမ်းက ခေါင်းကိုအသာခါယမ်းလိုက်ပြီး ဆေးထည့်ပေးနေတဲ့သူ့လက်တွေကို ဆုပ်ကိုင်လိုက်ကာ

"သူဌေး"

"ဟင်"

"တောင်းပန်ပါတယ်၊ ကျွန်တော့်ကြောင့် သူဌေးပါ သိက္ခာကျရပြီ၊ ကျွန်တော်မရည်ရွယ်ပါဘူး၊ တကယ်တောင်းပန်ပါတယ်"

Passionate LOVE (Complete)Where stories live. Discover now