Part ( 10 )

240 16 0
                                    

// Unicode //

၃ ရက်လောက် ဆေးရုံတက်လိုက်ရပြီးတဲ့နောက်မှာ ပုံမှန်အတိုင်း လွမ်း အလုပ်ပြန်ဆင်းနေပြီဖြစ်သည်။ လွမ်း ခွင့်ယူထားတဲ့အချိန်မှာ ရိုက်တဲ့ ကြော်ငြာကလည်း အောင်မြင်စွာ ပြီးဆုံးသွားသလို Shopping mall အသစ်အတွက် ရှယ်ယာရှင်ခေါ်သည့် ကိစ္စကလည်း အဆင်ပြေသွားသည်ဟု ကြားသည်။ Shopping Mall က နောက် လထဲစဖွင့်မှာဆိုတော့ ဟိုဘက်ကသူဌေးက ဒီမှာရုံးလာထိုင်မဲ့ကိစ္စကလည်း အတည်ဖြစ်သွားပုံရသည်။

ကိုသစ်ရုံးခန်းနှင့်ကပ်လျက်မှာ မှန်အပြည့် သီးသန့်ကာထားတဲ့ ရုံးခန်းအသစ်ဖွဲ့ထားပြီး ဟိုဘက်ဒီဘက် အလယ်မှာ slide door တစ်ခုသာခြားထားသည်။ ရုံးခန်းက မှန်ခန်းဖြစ်နေသော်လည်း နက်ပြာရောင် လိုက်ကာအပြည့်ကာထား‌သည်မှာ လက်ရှိသူဌေး ထိုင်‌နေတဲ့ရုံးခန်းထက်တောင် ပို၍ သားနားနေသေးသည်။ ထားပါတော့ အဲ့တာတွေက လွမ်းကိစ္စလည်းမဟုတ်။ လွမ်းကအလည်လာတဲ့သူပဲ အချိန်တန်ရင် အိမ်ပြန်ရမှာမို့ အဲ့တာတွေ စိတ်မဝင်စားလည်းရသည်။

လွမ်း ဆေးရုံကဆင်းလာပြီး နောက်ပိုင်းမှာ အရာအားလုံးကပုံမှန်အတိုင်းပဲဖြစ်သော်လည်း လွမ်းရဲ့နေပုံထိုင်ပုံ‌တော့ ပြောင်းလဲသွားသည်။ အရင်လို မျက်မှန်တစ်လက်တပ်ပြီး အဖိုးအိုပေါက်စလေးပုံမဟုတ်တော့ဘဲ တခြားလူ တစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ လူငယ်ဆန်ဆန် ဝတ်ဆင်တတ်လာပြီး ပေါင်းသင်းဆက်ဆံရေးလည်း အထူးတလည်ကောင်းမွန်လာသည်။ သူကိုယ်တိုင်ပြောင်းလဲလိုက်တော့ နဂိုကတည်း ရုပ်ခံရှိပြီးသား လွမ်းကို တော်တော်များများက သတိထားမိလာကြသည်။ မိန်းကလေးဝန်ထမ်းများအဖို့ ဟိုအရင်တုန်းက သူဌေးနဲ့ရောင်ခြည်သစ်ကိုသာ လုနေကြရသော်လည်း အခုတော့ လုစရာ လွမ်းတစ်ယောက်ပိုလာ‌တော့သည်။ သူတို့တွေ ဘယ်လိုပဲ အထာပေးနေနေ လွမ်းကတော့ မိန်းကလေးတွေကို စိတ်မဝင်စားကြောင်း ဖုံးကွယ်ထားတာမျိုးမရှိဘဲ အတိအလင်း ကြေညာထားခဲ့သည်။ အဲ့တော့ နောက်ဆုံး သူတို့မရနိုင်တဲ့ လူသုံးယောက်ကို ကိုယ်ပိုင်သင်္ဘောဖွင့်၍ ရွက်လွှင့်ကြတော့သည်။ အရင်က သူဌေးနဲ့ကိုသစ်ကို ရွက်လွှင့်ကြတဲ့ Fujoshi မမ တသိုက်ရှိသော်လည်း လွမ်းပြောင်းလဲလာပြီးနောက် လွမ်းနဲ့သူဌေးကိုပါ ရွက်လွှင့်ကြတော့သည်။ အကြောင်းကတော့ သူဌေးကိုယ်တိုင် ထူးခြားနေကြောင့်ဖြစ်သည်။ သူဌေးကလည်း သူဌေးပင်။ အကြောင်းမရှိ အကြောင်းရှာပြီး လွမ်းအနီးအနားကို တစ်ချိန်လုံး ရောက်လာတတ်သည်။

Passionate LOVE (Complete)Where stories live. Discover now