Part ( 21 )

201 13 0
                                    

// Unicode //

ရောင်ခြည်သစ်ကို အတင်းခြိမ်းခြောက်ပြီး အိမ်အပါခေါ်လာတဲ့ လမ်းမှာပဲ လွမ်းတာရာက ကြယ်စင်မောင့်ကို ဖုန်းဆက်လာသည်။

"ကိုကြီး ရုံးဆင်းလာပြီလား"

ငယ်လေးက သူနဲ့ညီအစ်ကိုတော်မှန်း ရုံးကလူတွေကိုမသိစေချင်ဘူးဆိုတဲ့ အတွေးဝင်လာတာကြောင့် ဖုန်း‌ပြောရင်း စိတ်မလုံစွာ ဘေးကလူထံစောင်းငဲ့ကြည့်မိသည်။ သို့သော် သူ့ဘေးကလူရဲ့ အာရုံအလုံးစုံက ဘယ်ရောက်နေမှန်းမသိရလေအောင် လမ်းဘက်ကိုတမေ့တမောငေးရင်း လိုက်ပါလာသည်။ သူ့ဆီမှာအာရုံရှိမနေတာသေချာ‌တော့မှ

"ဟုတ်တယ် ငယ်လေး ဘာဖြစ်လို့လဲ"

"ကျွန်တော် အိမ်ပြန်ရောက်နေပြီ ပြီးတော့ ကိုကြီးကို ပြောစရာရှိတယ်"

"ဟင်...အိမ်ဆိုတာ ကိုကြီးတို့ အိမ်ကိုပြောတာလား"

ငယ်လေးစကားကြောင့် မယုံကြည်နိုင်စွာပြန်မေးမိသည်။ ငယ်လေးက သူ့ရည်ရွယ်ချက်တွေအောင်မြင်မှ ပြန်လာမယ်လို့ ပြောထားတာမလား။ ဒါဆို ငယ်လေးရည်ရွယ်ချက်တွေ အောင်မြင်သွားပြီဆိုတဲ့ သဘောလား။

"အိုခေ ငယ်လေး ကိုကြီးပြန်လာနေပြီ ခဏနေရောက်မယ် ဘာဝယ်ခဲ့ပေးရအုံးမလဲ"

"ဟင့်အင်း... ကိုကြီးပဲမြန်မြန်ပြန်ခဲ့တော့"

"ok ok ငယ်လေး..ဘိုင့်"

ကြယ်စင်မောင် ဖုန်းချပြီးတာနှင့် ရောင်ခြည်သစ်ဘက်လှည့်ပြီး

"ဆောရီ ရောင်ခြည် မောင်တို့ ဒိတ်ကို နောက်ရက်ရွှေ့ကြတာပေါ့"

"ရတယ် ကျွန်တော်က အစကတည်းက စိတ်မပါဘူးလို့ပြောထားတာပဲ ဒီမှာပဲဆင်းလိုက်မယ် ရပ်တော့"

ရောင်ခြည်သစ်ကားပေါ်ကဆင်းပြီးတာနှင့် ကြယ်စင်မောင့် ကားက အရှိန်နှင့် မောင်းထွက်သွားတော့သည်။ မောင်းထွက်သွားတဲ့ ကားကိုကြည့်ပြီး ရောင်ခြည်သစ် ခပ်တိုးတိုး ကျိန်ဆဲမိသည်။

အလကားလူ တွေ့ရင်ကျ သေမလိုတွေ ကြွေပြနေပြီး အခုတော့ လမ်းပေါ်မှာ ရောင်ခြည်သစ်ကို တစ်ယောက်ထဲထားခဲ့တယ်...

Passionate LOVE (Complete)Where stories live. Discover now