Part ( 32 )

240 21 2
                                    

// Unicode //

လွမ်းနဲ့သူ ဆေးရုံရောက်တော့ ကြယ်စင်မောင်လည်း ရှိနေပေမဲ့ သူကိုယ်တိုင်လည်း ခေါင်းမှာ အနည်းငယ်ထိခိုက်သွားပြီး လူနာအဖြစ်ပဲ ရှိနေတာကြောင့် ကိုသစ်ကို ခွဲစိတ်ဖို့ လူနာရှင်ကို စောင့်နေမှန်း သိရသည်။ လူနာရှင်နေရာမှာ နေ ပဲ လက်မှတ်ထိုးပေးလိုက်ပြီး ကိုသစ်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ကိုသစ် ဦးလေးဆီ ဆက်သွယ်ရသည်။

နေတို့နှစ်ယောက် နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ အချိန်မှာပဲ ကိုသစ်မိဘ နှစ်ပါးစလုံးက Accident နဲ့ ဆုံးပါးသွားတာမို့ ကိုသစ်အမေဖြစ်သူရဲ့ မောင်ကသာ ကိုသစ်အတွက်တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။ ကိုသစ်ကိုလည်း ဦးလေးဖြစ်သူက သူနဲ့အတူ နိုင်ငံခြားမှာ အခြေချဖို့ ပြောပေမဲ့ ဘယ်လိုမှပြောလို့မရခဲ့ဘဲ ခေါင်းမာမာနဲ့မြန်မာနိုင်ငံမှာပဲ ကျန်ရစ်ခဲ့သည်။ အဲ့တော့ အခုအခြေအနမှာလည်း ကိုသစ် ဦးလေးက ချက်ချင်း လိုက်မလာနိုင်တော့ နေ ကပဲ လူနာရှင်အနေနဲ့ အားလုံး လိုက်လုပ်ပေးရမှာပင်။

ကိုသစ် ခွဲခန်းထဲဝင်သွားတောမှ လွမ်းက ဆေးထည့်ပြီးသွားလို့ ခေါင်းမှာပတ်တီးနဲ့ဖြစ်နေတဲ့ ကြယ်စင်မောင့်ကို မေးလိုက်သည်။

"ကိုကြီးတို့က ဘယ်လိုဖြစ်လို့ ဆေးရုံအတူတူရောက်နေရတာလဲ ရောင်ခြည်သစ်နဲ့ အတူတူရှိနေခဲ့တာလား"

"သူ...သူက ကိုကြီးကြောင့် ဖြစ်သွားရတာ"

ခွဲခန်းရှေ့က လူနာစောင့်ထိုင်ဖို့ချထားတဲ့ ခုံမှာထိုင်နေတဲ့ ကြယ်စင်မောင်က လွမ်းစကားကို ကြားမှ မျက်နှာကို လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး အက်ကွဲနေတဲ့ အသံနဲ့ ပြန်ဖြေလာသည်။ သေချာကြည့်တော့မှ ကြယ်စင်မောင့် အင်္ကျီရင်ဘက်မှာလည်း သွေးတွေ ပေပွနေ၏။

"ဘယ်လိုဖြစ်တယ် ကိုကြီး ဘာဖြစ်လို့ ကိုကြီးကြောင့်ဖြစ်ရတာလဲ"

"သူ နေမကောင်းဖြစ်နေလို့ ဆေးခန်းလိုက်ပို့ပေးတာ...တကယ်ဆို ကားက ကိုကြီးဆီ တည့်တည့်ဝင်လာတာ... အဲ့တာကို သူက...."

ငယ်လေးကို ပြောပြနေရင်း ကြယ်စင်မောင်တစ်ယောက် ယောက်ျားတန်မဲ့ မျက်ရည် ကျမိသည်။ ဘရိတ်ပေါက်လာတဲ့ကားက သူ့ဆီကို တည့်တည့်ဝင်လာခဲ့ပေမဲ့ ဘေးက Lover seat မှာ ထိုင်လိုက်လာတဲ့ ရောင်ခြည်က ရုတ်တရက် သူ ထင်မထားတာကို ထ လုပ်လိုက်သည်။ စတီယာတိုင် ကိုင်ထားတဲ့ လက်ကို သူ့ဘက် တွန်းချလိုက်တာကြောင့် တည့်တည့်ဝင်လာတဲ့ ကားက ရောင်ခြည်ထိုင်တဲ့ ဘက် အခြမ်းနဲ့ တိုက်မိသွားတာ ဖြစ်သည်။

Passionate LOVE (Complete)Where stories live. Discover now