Part ( 20 )

219 13 0
                                    

// Unicode //

"ကိုမင်း ... လုပ်ပါအုံး...ဒီပုံစံအတိုင်းဆို မမတို့ လုပ်ငန်းတွေ အကုန်နားလိုက်ရလိမ့်မယ်"

"ကိုယ်သိတယ် ဒါပေမဲ့ ဘယ်မှာ ပြဿနာစဖြစ်လဲ ဆိုတာကိုသိရမှ ဖြေရှင်းလို့ရမှာလေ... အခုလည်း သားကိုယ်တိုင် သွားစစ်နေပြီပဲဟာ မမ စိတ်အေးအေးထားပါ"

မနက်စောစောစီးစီး ဦးနေမင်းသာထံရောက်လာတဲ့ သတင်းတွေက လက်မခံနိုင်လောက်အောင် ဆိုးလွန်းလှသည်။ ဈေးကွက်ထဲမှာ ရောက်နေတဲ့ Sun အမှတ်တံဆိပ်ပါ အထည်တွေအားလုံး အဟောင်းထည်တွေလို ဆိုးဝါးလွန်းတဲ့ အရည်အသွေးဖြစ်နေသည်။
အရောင်အသွေးကအစ အင်္ကျီအသားထိပါ Sun က တစ်ခါမထုတ်ဖူးသော Quality ဖြစ်နေကြောင်း Dealer တွေဘက်က သတင်းပေးလာတာဖြစ်သည်။ ပိုဆိုးတာက ထိုအထဲမှ တစ်ချို့တစ်ဝက်က ဈေးကွက်ထဲမှာ ဖြန့်ပြီးသားဖြစ်နေသည်။

အရင်းအမြစ်က ဘယ်မှာမှန်းသိရသေးခင် ဦးနေမင်းသာ ဘာမှမလုပ်နိုင်ပေ။ သို့ပေမဲ့ အဓိကပြဿနာက ဘာလဲဆိုတာ သိရအောင်တော့ သားဖြစ်သူကို စက်ရုံတွေအထိ သွားစစ်ခိုင်းထားပြီး ဈေးကွက်ထဲရောက်နေပြီးသား အားလုံးကို သိမ်းခိုင်းထားရသည်။ သူကိုယ်တိုင်က စိတ်လောပြီး နေရထိုင်ရခက်နေပေမဲ့လည်း မိန်းမဖြစ်သူက ဘာလေးဖြစ်လိုက်ဖြစ်လိုက် အရမ်းယောက်ယက်ခတ်တတ်တဲ့ အကျင့်ရှိတာကို သိနေတော့ သူမကိုပဲ အရင်နားချရသည်။

"အင်းပါ... အင်းပါ မမသိပါတယ် ဒါပေမဲ့..."

"စိတ်မပူနဲ့ မမ အဆင်ပြေသွားမှာပါ"

ခင်ပွန်းဖြစ်သူစကားကြောင့် ဒေါ်ခင်မမ ကိုယ့်စိတ်ကို အရင်ငြိမ်အောင် ကြိုးစားပြီး ထိန်းလိုက်ရသည်။

တကယ်ဆို လက်ရှိအခြေအနေတွေက Sun အနေနဲ့ ဘာကိုမှ အမှားအယွင်း အပွန်းအပဲ မခံနိုင်တဲ့ အခြေအနေဖြစ်သည်။ စီးပွားရေးက လုပ်နေရင်း လှုပ်လေ မြုပ်လေ ဖြစ်နေတော့ ကြံရာမရတဲ့အဆုံး အချစ်ဆုံးသားရဲ့ သဘောထားကိုတောင် ထည့်မတွက်ဘဲ ချမ်းသာတဲ့ မိသားစုက သမီးဖြစ်သူနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေရတာ။
ဒီလိုသာ ပြဿနာတွေ ထ ထ တက်နေရင် သူမတို့ မိသားစုအနေနဲ့ကရော ဘယ်အချိန်ထိ တောင့်ခံထားနိုင်မှာမို့လို့လဲ။

Passionate LOVE (Complete)Where stories live. Discover now