Part ( 9 )

240 20 2
                                    

// Unicode //

ကားပါကင်တွင် ကားရပ်လိုက်ပြီး လက်မှနာရီကိုကြည့်လိုက်တော့ နေ့လယ် နှစ်ရီထိုးဖို့ ဆယ်ငါးမိနစ်ခန့်သာလိုတော့သည်။ နေ လုပ်ပုံမဟုတ်တာကြောင့် နဂိုကတည်းက ခေါင်းရှုပ်မခံချင်သော ရောင်ခြည်သစ်မှာ အေးအေးဆေးဆေးမနေရဘဲ ရှယ်ယာရှင်နှင့်တွေ့ရပေတော့မည်။ သူမှလုပ်မပေးလျှင်လည်း လုပ်ပေးမည့်သူမရှိတာကိုသိနေတော့ လေပူတစ်ချို့မှုတ်ထုတ်ကာ လိုအပ်တဲ့စာရွက်စာတမ်းတွေကိုယူလိုက်ပြီး ချိန်းဆိုထားရာနေရာသို့ ဦးတည်လိုက်သည်။

Star Group ရဲ့ ရုံးခန်းက ၉ လွှာမှာဖြစ်တာကြောင့် ဓာတ်လှေကားနဲ့တက်လာရင်း ဟိုဘက်ကသူဌေးနှင့်တွေ့သည့်အခါ ဘယ်လိုပုံစံနှင့် စပြောရင်ကောင်းမလဲသာ တစ်လျှောက်လုံးစဉ်းစားလာသည်။ ရောင်ခြည်သစ်ကြားဖူးတာတော့ Star Group ရဲ့ CEO အသစ်က အသက်ငယ်ပြီး တော်တော်လေး ထက်ထက်မြတ်မြတ်ရှိသည်ဟုပင်။ Star သည် အရင်က Construction side သီးသန့်ဖြစ်သော်လည်း CEO အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းမှာ စီးပွာရေးချဲ့ထွင်လာသည်။ လက်ရှိအောင်မြင်နေတဲ့ စီးပွားရေတော်တော်များများမှာ Star Group ၏ ရှယ်ယာ အမြဲလိုလိုပါဝင်နေတတ်သည်။ ရောင်ခြည်သစ် Star သို့ လာရသည်မှာလည်း Sun Group က နောက်ထပ် အသစ်ဖွင့်မဲ့ Shopping Mall အတွက် ရှယ်ယာထည့်ဝင်ဖို့ ကမ်းလှမ်းရန်ပင်ဖြစ်သည်။ တကယ်ဆို ဒီလိုအရေးကြီးတဲ့ ကိစ္စကို နေ ကိုယ်တိုင်လုပ်သင့်သည်။ ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာနဲ့အလုပ် မရောထွေးတတ်တဲ့ နေက အခုကျ ကြိုချိန်းထားရတဲ့ အပွိုင့်မန့်ကိုတောင် ဂရုမစိုက်တော့ဘဲ "မင်းကို ငါယုံတယ် အဆင်ပြေအောင်လုပ်ခဲ့" ဆိုသော စကားတစ်ခွန်းနှင့် လျစ်လျူရှုလိုက်တော့သည်။ အဲတာကလည်း ဘာမဟုတ်တဲ အလုပ်သင်ကောင်လေးကြောင့်ပင်။ ခိုင်းခံရတဲ့ ရောင်ခြည်သစ်မှာသာ သူ့တာဝန်မဟုတ်သော်လည်း အဆင်ပြေအောင်လုပ်မပေးနိုင်လျှင် အသုံးမကျရာ ရောက်ပေအုံးမည်။

...

....

....

မှန်တွေအပြည့်ကာထားတဲ့ တံခါးကိုတွန်းဖွင့်လိုက်တော့ ဧည့်ကြိုကောင်တာမှ မိန်းကလေးက

Passionate LOVE (Complete)Where stories live. Discover now