Part ( 35 )

319 16 0
                                    

// Unicode //

[Warning !
This chapter may include adult scene and sexual content. Read at your own risk!]

"ကိုယ့်ကို ခွင့်ပြုပေးနိုင်မလား ကလေး"

သူ့နှုတ်ဖျားက ထွက်ကျလာတဲ့ မေးခွန်းလို့မဆိုသာသော တောင်းဆိုမှုဟာ လှိုက်မောရီဝေစွာ...

လွမ်းကို အကြိမ်ကြိမ် အခါခါ ကျရှုံးစေရန် လုံလောက်နေသည်။

"ကိုကိုကလွဲရင် အားလုံးကို မေ့သွားတဲ့ အထိ ကျွန်တော့်ကို သိမ်းပိုက်ပေး"

လွမ်းစကားအဆုံးမှာ ပြန်လည်ထိကပ်လာတဲ့နှုတ်ခမ်းသားတွေဟာ နူးညံ့ခြင်းအလျဉ်းမရှိ။ လိုချင်တပ်မက်မှုနဲ့ ရမ္မက်တို့ ရောထွေးကာ မွတ်သိပ်ပြင်းပြနေသည်။ နမ်းနေရင်း လွမ်းရဲ့အောက်နှုတ်ခမ်းကို ကိုက်ခဲခံလိုက်ရတဲ့အခါ

"အ့..."

ယောင်ယမ်းကာ ဖွင့်ဟငြီးငြူမိစဉ် အတင်းတိုးဝင်လာတဲ့ လျှာဖျားကြောင့် လွမ်းမှာ သူ့ရဲ့ ခြေထောက်လေးတွေကိုပါ ကုတ်ထားမိတော့သည်။

အဲ့ဒီနောက်မှာတော့ ပူနွေးစိုစွတ်တဲ့ လျှာဖျားနှစ်ခုကို ကျွမ်းကျင်စွာ ရစ်ပတ်နှောင်တွယ်ကာ ဖြားယောင်းသွေးဆောင်နေသူက သူ့ ဦးဆောင်မှု နောက်ကို လိုက်ရင်း မောပန်းလာတဲ့ လွမ်းကြောင့် နမ်းနေတဲ့ နှုတ်ခမ်းတွေကို လည်တိုင်ဆီ ဦးတည်တော့သည်။

"ဟမ်း...ကို..ကို"

သတိထားမိချိန်မှာ နှစ်ဦးလုံးရဲ့ခန္ဓာကိုယ်က အဝတ်တို့ကင်းမဲ့နေပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ကိုကို့အနမ်းတို့က ဖြန့်ကျက်နေပြီး ဖြစ်သည်။ လွမ်းကိုယ်ပေါ်မှာ အဝတ်တွေ မရှိတော့တဲ့နောက် နေက ပြားချပ်ချပ်ဝမ်းဗိုက်ပေါ်က အမာရွတ်ကို ခပ်ဖွဖွနမ်းလိုက်ပြီး လွမ်းကို ကြည့်ကာ

"အရမ်းနာကျင်ခဲ့ရတယ်မလား..."

မေးနေတဲ့သူရဲ့ မျက်ဝန်းထဲက နာကျင်မှုတွေကို မြင်နေရတဲ့ လွမ်းကတော့

"ဟင့်အင်း...နည်းနည်းလေးမှ မနာဘူး...ကိုကို့အတွက်ဆိုရင် ကျွန်တော်က အသက်တောင် ပေးရဲတယ်ဆိုတာကို ယုံ"

လွမ်းစကား အဆုံးမှာ နှုတ်ခမ်းပါးတွေကိုပဲ ပြန်လည်နမ်းရှိုက်လာသည်။ အဲ့ဒီကနေတဆင့် ကိုကို့နှုတ်ခမ်းတွေက သေးသွယ်တဲ့ ညှပ်ရိုးတွေကို အတော်ကြာသည်အထိ ခပ်ဖွဖွ ကိုက်ခဲစုပ်ယူနေခဲ့ပြီး ခံစားလွယ်ရာ ပွင့်ချပ်လေးတွေဆီ တဖြည်းဖြည်းဆင်းသက်သွားချိန်မှာတော့ လွမ်းလက်တွေက  သူ့ဆံသားတွေကို အလိုလျောက်ထိုးဖွနေမိတော့သည်။

Passionate LOVE (Complete)Where stories live. Discover now