Part ( 6 )

380 35 10
                                    

// Unicode //

"ဖြေနိုင်လား ကြယ်လေး"

စာမေးပွဲဖြေပြီး အခန်းထဲမှ ထွက်လာသည့်သူထံမှ စာအုပ်တို့ကို လက်လွဲယူရင်း ရောင်ခြည်မေးလိုက်သည်။

"အင်း...မင်းရော"

သူ့ကို ပြန်ဖြေရင်း ကြယ်စင့်မျက်ဝန်းတွေက ပတ်ဝန်းကျင်မှာ ပြေးလွှားလှုပ်ရှားသွားသည်။

"ကိုယ်လည်းဖြေနိုင်တယ်...နေ့ ကိုရှာနေတာလား...သူ့အိမ်ကခေါ်လို့တဲ့ ပြန်နှင့်ပြီ"

"ဪ...ဒါဆို ငါတို့လည်း သွားရအောင်လေ...ညကျမှ ပြန်ဆုံမယ်မလား"

"အင်း ...လိုက်ပို့မယ်...ညကျလည်း ကိုယ် လာခေါ်မယ်နော်"

"... ..."

သူ့အပြောကို ပါးစပ်က ပြန်မဖြေဘဲ ခေါင်းငြိမ့်ပြလာသည့် ကြယ်လေးကို ရောင်ခြည် တကယ် အသည်းယား ပါသည်။ နဂိုကတည်းက အနေအေးတဲ့ ကြယ်လေးဟာ ရောင်ခြည်နဲ့ ချစ်သူဖြစ်ပြီးခါမှ ပိုလို့အနေအေးသွားတယ်တောင် ထင်ရသည်။
ဒါက ရောင်ခြည်တစ်ယောက်ထဲရဲ့ အမြင်လည်းဖြစ်နိုင်သည်။ ဒါပေမဲ့ သူနဲ့ ကြယ်လေးက ချစ်သူသာဆိုတယ် ရောင်ခြည့်စိတ်ထဲတော့ သူငယ်ချင်းနှင့် ဘာမှ မကွာပေ။
နှစ်ယောက်ထဲအတူရှိနေချိန်က ရွှေလိုရှားပါးလွန်းကာ ဘယ်သွားသွား နေ က ကြားထဲမှ ကန့်လန့်ကန့်လန့်။ အဲ့ဒါကလည်း နေက လိုက်ချင်လွန်းလို့မဟုတ်ရဘဲ သူငယ်ချင်းသုံးယောက်မှာ နှစ်ယောက်က ချစ်သူတွေဖြစ်သွားလို့ ကျန်တဲ့တစ်ယောက်က အထီးကျန်ရမှာမျိုး နေ့ကို မခံစားစေချင်ဘူးဟု ဆိုကာ ကြယ်စင်က မရ ရအောင်ခေါ်ခိုင်းခြင်းဖြစ်သည်။
တစ်ခါတလေလည်း နှစ်ယောက်ထဲရှိခွင့်ရမည့် ရင်ခုန်ဖွယ်ရာအချိန်များကို ရောင်ခြည် ပိုင်ဆိုင်ချင်သည်။
နှစ်ယောက်သား ဘာစကားမှပြောထပ်မပြောဖြစ်ဘဲ လျှောက်လာလိုက်ကြတာ ကားပေါ်ရောက်တဲ့ အထိပင်။
ကားမောင်းရင်း လမ်းဘက်ငေးနေသည့် ကြယ်လေးမျက်နှာလေးက ဘေးတိုက်မြင်နေရတာတောင် စွဲမက်ဖို့ကောင်းလွန်းလှသည်။ မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းလို အချိန်ပြည့်ခပ်စိုစို ဖြစ်နေသည့် ပန်းနုရောင် နှုတ်ခမ်းလုံးလုံးလေးက ကြည့်မိသည့်အချိန်တိုင်း ရောင်ခြည့်ကို ရေငတ်စေသည်။ နောက်ဆုံးနှစ်ရောက်မှ တပ်လိုက်ရသည့် မျက်မှန်ဝိုင်းလေး‌အောက်မှ မျက်ဝန်းနက်နက်ကလေးများသည်လည်း ရောင်ခြည့်ရင်ခုန်သံတို့ဖြစ်တည်ရာ ရပ်ဝန်းဖြစ်သည်။ မြင်သာမြင်ရ မကြင်ရဆိုသော စကားသည် ရောင်ခြည့်ကိုများ ရည်ညွှန်းလေသလား...

Passionate LOVE (Complete)Where stories live. Discover now