Part ( 5 )

354 32 9
                                    

// Unicode //

စာသင်ခန်းထဲပြန်ရောက်‌ကတည်းက ခုံပေါ်မှောက်ချပြီးအိပ်နေတဲ့ ကြယ်စင်...
မှိတ်ချထားတဲ့ မျက်တောင်ဖျားတွေ တဆတ်ဆတ်တုန်နေတာကို ကြည့်ခြင်းဖြင့် လူက ဂနာမငြိမ်တာ သိသာလှသည်။ ဂနာမငြိမ်သော စိတ်အစဉ်နှင့်အတူ ကြယ်စင့်ရင်တွေကလည်း ပြောမပြတတ်လောက်အောက် ပူလောင်နေသည်။ သက်ပြင်းတစ်ခါချလို့ အသက်တစ်ရက်တိုမည်ဆိုလျှင် ကြယ်စင်တစ်ယောက် အသက်ရှင်နိုင်စရာ လမ်းမမြင်တော့။
လူကသာ မှောက်အိပ်နေတာ ချနေလိုက်တဲ့ သက်ပြင်းဆိုတာ ရေပင် မရေ နိုင်တော့ချေ။

"ဟင်း......."

တစ်ခါမှ လှစ်ဟ မပြခဲ့ဖူးသော ဆန်း ရဲ့ အတွင်းစိတ်ကို ဒီနေ့လိုမျိုး သိလိုက်ရတော့ ကြယ်စင်မပူလောင်လို့ မည်သူက ပူလောင်ပါမည်နည်း။ ကြယ်စင် ဝမ်းမနည်းလို့ မည်သူက ဝမ်းနည်းပါမည်နည်း။

ဆန်း... သူ့ရဲ့ဆန်းက ယောက်ျားလေးချင်း ကိုကိုလို့ခေါ်တာကိုတောင် ရွံစရာကောင်းသည်ဟု သဘောထားလျှင် ဂေးဖြစ်နေတဲ့ ကြယ်စင်က သူ့အမြင်မှာ ပို၍ ရွံစရာကောင်းပေလိမ့်မည်။
သူ့ကိုတိတ်တခိုးချစ်နေမှန်းသာ သိသွားခဲ့လျှင်တော့...တုန့်ပြန်မှုက ကြယ်စင် ခန့်မှန်းနိုင်တာထက် အများကြီး ပိုလိမ့်မည်။
အဲ့တာဆို သူ့အချစ်တွေကိုရော.... ဆန်း သိအောင် ဘယ်တော့မှ ပြောပြလို့မရတော့ဘူးလား?

ဟုတ်တယ် မပြောတော့ဘူး.... ဖွင့်ပြောလိုက်လို့ ဆုံးရှုံးသွားရမှာနဲ့စာလျှင် ဖွင့်ပြောခွင့်မရှိတဲ့ သူငယ်ချင်းဘဝကိုပဲ ရွေးချယ်လိုက်တော့မယ်။ ဖွင့်ပြောလိုက်လို့ ဝေးသွားရမဲ့ အတူတူ အနားမှာပဲ သူငယ်ချင်းလိုနေတော့မယ်။

မပိုင်ဆိုင်ရလဲ ဖြစ်တယ်မလား ကြယ်စင်...

ဟင့်အင်း...မဖြစ်ဘူး...မဖြစ်ဘူး သူ ဆန်းကို ပိုင်ဆိုင်ချင်တာ ရူးတော့မယ်...

ဟား..ဘယ်လိုဒုက္ခပါလိမ့်ကွာ...

ကိုယ့်ဘာသာမေး ကိုယ့်ဘာသာဖြေ ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်နေတုန်းမှာပဲ နွေးထွေးတဲ့ လက်ဖဝါးပြင်ကျယ်က ပုခုံးခေါ်ကျရောက်လာခြင်းနှင့်အတူ သူနှစ်သက်တဲ့ ဩရှရှ စကားသံကိုကြားရသည်။

Passionate LOVE (Complete)Where stories live. Discover now