ငါလေးရူးပြီးလျှောက်ပြောမိပြီ...လဒ ဒါငါပြောတာမဟုတ်ဘူး

52.5K 4.5K 17
                                    

Chapter - 7
|| Zawgyi ||

" သေနာကြီး...ဘာကြောင်နေတာလဲ "

" မင်းကြောင့်ဘဲ...မင်းနဲ့သာလက်မထပ်ခဲ့ရရင် ယုဟိုင်နဲ့ပျော်နေရလောက်ပြီ...မင်းကြောင့်..."

လင်းယဲ့ပြောစရာစကားတွေ ပျောက်ရှသွားရတယ်။ ထပ်ပြီးယုဟိုင်ကြောင့်ပဲလာ..သူတို့အနားမှာပျောက်ကွယ် သွားပေးဖို့ဆုံးဖြတ်ပြီးပြီလေ သူတို့ကိုမနှောက်ယှက်ဖို့လဲ အတတ်နိုင်ဆုံးနေတယ်။ လင်းယဲ့ ဆိုတဲ့ငါကရော မခံစားတတ်တဲ့ ကျောက်နှလုံသားနဲ့မွေးဖွားလာတဲ့သူ မှမဟုတ်တာ ကိုယ့်ချစ်နေတဲ့သူက တခြားတယောက်ကိုသာ ကာကွယ်ပေးပြီး ကိုယ့်ကိုကျဒီလိုပြောတာ ဘယ်လိုခံစားရမလဲ။ နောက်ထပ်ဘာတွေများ ပေးဆပ်ရအုံးမလဲ....

" ဖယ်စမ်း...ငါကမင်းစိတ်ဖြေဖို့အတွက် အရုပ်မဟုတ်ဘူး.. အွန့်..."

လင်းယဲ့ ထိုကောင်ကိုတွန်းထုတ်ပေမဲ့ အားချင်းကတော်တော်ကွာလေသည်။ အဖြေကရှင်းလင်းနေသည်။ လင်းယဲ့ ဟောက်ရန်ကိုတွန်းထုတ်နိုင်မှာမဟုတ်ဘူး။ ဒါမဲ့အရင်လိုငြိမ်ခံနေမဲ့သူလဲ မဟုတ်တော့ဘူး...သူ့ကိုအုပ်မိုးပြီး အနမ်းကြမ်းကြမ်းတွေကို စတင်နေတဲ့ ဟောက်ရန်ကိုကန်ထုတ်တော့တယ်။

" ညိမ်ညိမ်နေစမ်း...ဟမ် မင်းဘယ်ကောင်အားကိုးနဲ့ ငါ့ကိုပြန်ပြောတတ်နေတာလဲ...ဒီအတောအတွင်းငါ့ စကားမနားထောင်ခဲ့တာ အပြစ်ပေးသင့်တယ် မထင်ဘူးလား ပိုင်လင်းယဲ့ "

" အ့...ခင်ဗျားကတောင် လင်ရှိရဲ့သားနဲ့ ဖောက်ပြန်နေတာမလား...ဟောက်ရန် ခင်ဗျားကျွန်တော့်ဘက်ကိုကြည့်ပေးဖူးလို့လား တစ်စက်လေးတောင်လေ...ဝမ်ယုဟိုင်ကိုဂရုစိုက်ပေးတဲ့အတိုင်း ...မဟုတ်ဘူး နည်းနည်းလေ...ကျွန်တော့်အပေါ် နည်းနည်းလေးသာ ကောင်းပေးနိုင်မလား..."

ဟောက်ရန် လှုပ်ရှားမှုတွေ ရပ်တန့်သွားရတယ်။ လင်းယဲ့ ကစိတ်လွတ်နေပြီး သူ့ရင်ထဲပေါက်ကွဲထွက်တော့မလို တင်းကျပ်နေပြီး လည်ချောင်းတွေကလည်း တင်းကျပ်နာကျင်လာတယ်။ သူဒီထပ်ပိုပြီး သီးမခံနိုင်တော့ချေ။ မကြာခင်ကွာရှင်းပြီး အဝေးထွက်သွားရတော့မဲ့ဟာ သူ့ခံစားချက်တွေ ပေါက်ကွဲပစ်ချင်ခဲ့တယ်။ လင်းယဲ့ ကသူမျက်ရည်ကျနေတာတောင် မသိတဲ့ပုံနဲ့ ကျောက်ရုပ်လိုတည်နေတဲ့ ဟောက်ရန်ရင်ဘက်ကိုထုလိုက်တယ်။ ဒါမဲ့သူအရမ်းပင်ပန်းနေတာကြောင့် သူ့ရိုက်ချက်တွေကမကြမ်းထန်းတဲ့အပြင် အရမ်းကိုပျော့နေတယ်။ သူကရှိုက်လိုက်ပြီးဆက်ပြောတယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now