အနှောက်အယှက်ပေးတဲ့ ဘဝင်ရူး...ဘာလဲ?

45.3K 3.7K 133
                                    

Chapter - 30
|| Zawgyi ||

ကားမောင်းနေတဲ့ ဟောက်ရန်ကိုကြည့်ရင်း လင်းယဲ့မတရားသလိုခံစားလာရသည်။ ဘာလို့ဆိုသူ(ဟောက်ရန်)ပဲ တခြားလူရှေ့မှာဆွဲလားရမ်းလားနဲ့ ခေါ်လာတဲ့အပြင် အလုပ်ထွက်မဲ့အကြောင်းလဲ လင်းယဲ့ကိုတစ်စက်မှမမေးပဲ ပြောခဲ့သေးတယ်လေ။ ဒါအခုကားမောင်းနေတဲ့ တစ်ချိန်လုံးဟောက်ရန်ပုံက အရမ်းစိတ်တိုနေပြီး၊ အမှားလုပ်ထားတဲ့သူက ကိုယ်တိုင်(လင်းယဲ့)လိုမျိုးခံစားနေရသည်။

" ဟောက်ရန်....ဘာလို့အလုပ်ထွက်မယ် ပြောခဲ့တာလဲ "

" မင်းကိုအလုပ်ကထွက်စေချင်လို့ပေါ့ "

" ဘာလို့အလုပ်ထွက်စေချင်တာလဲ "

လင်းယဲ့ ဘောက်ဆက်ဆက်နဲ့ မေးလိုက်တယ်။ ဒါမဲ့အဖြေကိုတော့မမျှော်လင့်ထားဘူး။

ဟွန်း...ငါ့ကိုအမျိုးမျိုးလုပ်နေတယ်။ ဘယ်လိုမျက်နှာနဲ့ အလုပ်ပြန်သွားရတော့မှာလဲ။

" မင်းကိုတစ်ခြားသူနဲ့ သွားနေတာမကြိုက်လို့ပေါ့ အခုလည်းကြည့်ပါလား အဲ့ကောင်မျက်လုံးတွေက စိတ်ပျက်စရာဘဲ့။ "

" ဒါဆို ကျွန်တော်ကရော...ကျွန်တော်ကရော....."

ယုဟိုင်နဲ့တွဲသွားနေတာကို မကြိုက်ဘူးလို့ပြောလို့ရလား။

လင်းယဲ့ စကားဖြတ်သွားတော့ ဟောက်ရန်ကကားမောင်းရင်း ဘေးစောင်းကြည့်လာတယ်။

" ဘာလဲဆက်ပြောလေ...."

လင်းယဲ့တိုးတိုးလေးနဲ့ ပြောလိုက်သည်။
" သူကျ ဝမ်ယုဟိုင်နဲ့သွားနေပြီးတော့ မသွားနဲ့လို့ပြောရင် ရမှာလဲမဟုတ်ပဲ "

လင်းယဲ့ ဟောက်ရန်မကြားလိုက်ဘူးထင်ပေမဲ့ ဟောက်ရန်ကသာမန်ထပ် အရာရာမှသာတဲ့လူဖြစ်တာကြောင့် ထိုအသံပိစိလေးကိုကြားလိုက်သည်။ သူတို့နေ့လည်စာစားမဲ့ ဆိုင်ကိုရောက်လာတော့ ကားကိုရပ်လိုက်တယ်။

လင်းယဲ့ ကလုံခြုံရေးခါးပတ်ကို ဖြုတ်နေရင်းဆိုင်ကိုကြည့်နေတယ်။ အာရုံတစ်ခြားကိုရောက်နေတုန်း ဟောက်ရန်ကလင်းယဲ့မေးဖျားကို ဆွဲလိုက်ကာမျက်နှာချင်းဆိုင်စေလိုက်တယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Unde poveștirile trăiesc. Descoperă acum